ep14 .

1K 64 5
                                    

အရှေ့အပိုဒ်မှအဆက်...

''mae.သားကိုကိုနဲ့ဆော့ချင်တယ်''

''မရဘူး.plan..သူက အိမ်အလုပ်လုပ်ရမှာ''

''maeကလည်း
ကိုကိုနေကောင်းကတည်းက
အလုပ်ပဲလုပ်ခိုင်းနေတာ
ကိုကိုလည်း.ကစားချင်မှာပေါ့
ဟုတ်ဖူးလားကိုကို''

အိမ်သုံးဖို့ရေတွေခပ်ဖြည့်နေရတဲ့ကျွန်တော့်ကို.
ညီ့ရဲ့အမေးက.အားတက်သွား​စေမိတယ်
အန်တီက.ဒီလိုဆိုရင်တော့ခွင့်ပြုကောင်းခွင့်ပြုမှာမလား..

''မရှည်နဲ့ plan.ကိုယ့်ဖာသာကိုယ်သွားဆော့''

အန်တီ့ရဲ့ခွန်းတုံ့စကားကြောင့်..မျက်နှာညှိုးသွားတဲ့saintမှာ.ညီဖြစ်သူကိုတော့.ပြုံးပြရှာပါသေးတယ်..

''maeကလည်း
အပြင်မှာဟိုကိုကိုနှစ်ယောက်လည်း.ရောက်နေတယ်
ဘောလုံးကန်မို့ပါဆို.
သားကတစ်ယောက်တည်းနဲ့.ဘယ်လိုလုပ်ရမှာလည်း
ကိုကို့ကိုပေးဆော့ပါနော်..နော်..maeနော်...''

ချစ်စရာကောင်းပြီးသားညီက.ဒီတွင်လည်းပိုတိုးပြီးချစ်စရာကောင်းအောင်လုပ်ပြလေတယ်..ကျွန်တော့်မှာလည်းခက်သား
ညီကတခါထပ်တောင်းဆိုလေ.ကျွန်တော်ကတခါထပ်မျှော်လင့်နေသလိုနဲ့လေ..တကယ်ကဆော့ဖို့ကစားဖို့ဆိုတာ.ကျွန်တော့်အတွက်မဟုတ်ခဲ့ပါ...

''မောတယ်.plan..မင်းဘာလို့သူ့ကိုတွယ်သလဲငါမပြောတတ်တော့ဘူး...Son..နင်ဆော့ချင်လား ''

saintက.ဒီတွင်sonအဖြစ်နာမည်ပြောင်းခံထားရတာပါ..
ဒါကိုလည်းsaintကသူ့ကိုယ်သူsonအဖြစ်သာမှတ်မိနေတာပါ..

''ဟုတ်..သားဆော့ချင်တယ်.အန်တီ..ဒါလေးပြီးအောင်
လုပ်ပေးမယ်နော် ''

စဥ့်အိုးအပြည့်ရေတွေခပ်နေတဲ့ saintမှာ.ဝင်းသွားတဲ့မျက်နှာနဲ့အတူ..မျက်နှာချိုကပါတဖန်သွေးရပြန်ပါတယ်..

''ရတယ်..ထားထားတော့.လက်သေချာဆေးပြီးသွား''

''ဟုတ်ကဲ့အန်တီ.လာ..သွားမယ် ညီ''

''ငါ့သားကိုဂရုစိုက်.တခုခုဖြစ်ရင်နင်မလွယ်ဘူး.ကြားလား ''

''ဟုတ်ကဲ့..''

ကျွန်မစိတ်ကနှိပ်စက်ချင်ပေမယ့်
လက်တွေ့မှာတော့မဖြစ်နိုင်
သားလေးကသူ့ပါးပါးကိုမေးပေမယ့်
ကိုကိုရှိရင်ရပြီဆိုပြီး.ပြောင်းလဲလာတယ်လေ
တကယ်တမ်းကျ ဒီကလေးမှာ.အပြစ်မှမရှိဘဲ

 အခ်စ္႐ွိရာ  (Unicode&Zawgyi )  အချစ်ရှိရာSeason1(completed)Dove le storie prendono vita. Scoprilo ora