အရှေ့အပိုဒ်မှအဆက်.
ကျွန်တော်နိုးလာတော့ အစောကြီးထသွားတာလားမသိတဲ့ငယ်က အနားမှာမရှိတော့...ကျွန်တော့်ကြောင့် ကောင်းကောင်း
မအိပ်လိုက်ရဘူးအထင်နဲ့ အနည်းငယ်တော့အားနာမိပါသေးတယ်..ရေချိုးခန်းမှန်ရှေ့ ကိုယ့်ကိုယ်ကိုရပ်ကြည့်နေရင်းတွေးမိတယ်..
ညက ငယ့်ရှေ့ငိုမိတာက.မျက်နှာပူစရာလုပ်ရပ်ပဲ
အခုနောက်ပိုင်း ကျွန်တော့်ကို ကျွန်တော် စဉ်းစားမတတ်လောက်အောင်အငိုသန်နေတယ်ဗျာ..ကျွန်တော့်dadyဆုံးတုန်းကတောင်
ကျွန်တော်မျက်ရည်မကျခဲ့ maeကတောင်
သားတောင်ရင့်ကျက်လာပြီပဲလို့ ဆိုခဲ့တာ..ငယ်နဲ့ကျမှ ကျွန်တော်ကအငယ်တန်းအဆင့်ပဲရှိသေးတယ်ထင်ပါရဲ့..~~~~
မနက်စာကိုတတ်သလောက်ကူညီပေးပြီး ကျွန်တော်အပေါ်ထပ်ကို.ပြန်တက်လာခဲ့တယ် ဟိုလူကြီးလည်း နိုးလောက်ပြီအထင်နဲ့ပါ.ကျွန်တော်အခန်းထဲရောက်တော့ ကုတင်ပေါ်မှာကျွန်တော့်ကို
ကျောပေးရင်းခေါင်းသုတ်နေတဲ့သူ..''ပေး..ကျွန်တော်လုပ်ပေးမယ်''
သူသုတ်လက်စ ပုဝါကို လှမ်းကိုင်ရင်းပြောလိုက်တာပါ
မဟုတ်ရင်.ထပြေးချင်လည်းပြေးသွားအုံးမှာလေ.''အာ..ရတယ် ရတယ်ကိုယ့်ဖာသာကိုယ်လုပ်လို့ရတယ်''
ကျွန်တော်လက်ထဲက ပုဝါစကို ပြန်ဆွဲရင်း ငြင်းတဲ့သူ.ရမလား.ကျွန်တော်ကလုပ်မယ်ဆိုလုပ်မှာပဲ.
''ကျွန်တော်ပြောတယ်.ငြိမ်ငြိမ်နေဆို ''
ပုဝါကိုတောင်လုလို့ရသွားတာ.ခေါင်းကတော့ခုထိကိုမငြိမ်သေး.ဘာလဲ.ကျွန်တော်ဇက်ချိုးလိုက်မှာကြောက်လို့လား..
''အင်းပါ..''
ခေါ်ပြီးဆူခံထားရတဲ့ကလေးလိုခပ်ငိုင်ငိုင်လေးထိုင်နေတဲ့perthကြောင့် saintမှာအနည်းငယ်စတင်းနေပါပြီ..ဒီလူဘာဖြစ်နေတာလဲ.....
''တော်ပြီဗျာ..ကိုယ့်ဘာလုပ်ချင်သလိုလုပ်တော့.''
ပုဝါကိုခေါင်းပေါ်အုပ်ချပြီးအောက်ထပ်ကိုဆင်းလာတဲ့saintမှာနှုတ်ကနေလည်းတန်းစီရွတ်နေရင်းနဲ့..
YOU ARE READING
အခ်စ္႐ွိရာ (Unicode&Zawgyi ) အချစ်ရှိရာSeason1(completed)
General Fictionကိုယ်ချစ်မိပြီဆိုကတည်းက ကိုယ့်အပိုင်လို့သာ တသမတ်တွက်ထားတဲ့ အချစ်ကြီးသူတစ်ယောက် ချစ်လို့ပါဆိုတဲ့ ခေါင်းစဉ်တစ်ခုအောက်က ခန္ဓာနဲ့ စိတ်ဆန္ဒကိုပါ အတင်းသိမ်းပိုက်ခြင်းခံရသူတစ်ယောက် အချစ်ရှိရာ.နူးညံခြင်းအရပ်ဆီ အေးချမ်းစွာ.ယှဉ်တွဲ မျက်နှာမူနိုင်မည်လား.. ကိုယ်ခ...