ep19 .

1K 60 2
                                    


မနက်တွင်..

''ဝါးးးး.''

အားရပါးရသန်းဝေပြီးမှခပ်မြန်မြန်ပါးစပ်ကို
အုပ်မိလိုက်တယ်.ခုနေနေတာက maeနဲ့မှမဟုတ်ပဲ

''အာ..သူရှိနေတာမှ မဟုတ်တာ''

ကုတင်တဖက်ကလွတ်လပ်နေတဲ့နေရာကိုကြည့်ပြီးသတိဝင်သွားခဲ့ပြီ..ကျွန်တော်တို့ကတခန်းထဲနေတာမှမဟုတ်ပဲ.

''ရေချိုးမယ်.ယေ့ယေ့..''

အပေါ်ဝတ်အကျီ်ကိုချွတ်ပစ်ရင်း.ရေချိုးခန်းရှိရာကိုသွားတဲ့လမ်းတလျောက်အပူအပင်မရှိတဲ့ကလေးလိုစိတ်လက်ပေါ့ပါးနေတာက.saintမှာ.အင်းလေperthကသူ့ကိုဘာမှအပူပေးနှောင့်ယှက်တယ်ရယ်မှမရှိတာ..

အတန်ကြာသော်..

ကျွန်တော်ရေချိုးခေါင်းလျှော်ပြီးမှ
သတိထားမိတာက ပဝါ.ကိုယ်သုတ်ပဝါ
တထည်တည်းပဲထားထားသည်မို့ကျွန်တော့်အတွက်အဆင်မပြေ.အိမ်မှာဆိုmaeက အစုံအလင်ပြင်ပေးနေကြမို့
စိတ်လွတ်သွားခဲ့တာလေ

ပဝါကတထည်တည်းမို့အောက်ပိုင်းအတွက်ပဲ သုံးလိုက်တော့တယ်ခေါင်းသုတ်ဖို့တော့အပြင်ထွက်လာမှပဲဗီရိုထဲက ထုတ်ယူတော့မယ့်အတွေးနဲ့ပေါ့

ကျွန်တော်ခန်းပြင်ထွက်လာတော့ အဝတ်ဗီရိုရှေ့မှာ.အပေါ်ပိုင်း
ဗလာကျင်းနဲ့အဝတ်ရွေးနေတဲ့သူ အောက်ကတော့ကျွန်တော့်အတိုင်းပေါ့ ကျွန်တော်ရပ်ကြည့်နေတာကိုခုထိမသိသေးတဲ့ပုံနဲ့
အဝတ်တွေကိုသာအသည်းသန်ကိုရွေး.ဘာဝတ်မှာမို့လို့ ဒီလောက်တောင်ရွေးနေမှန်းမသိပေမယ့်..ဒီမှာကျွန်တော်ကအအေးပတ်တော့မယ်

ပဝါယူဖို့ကအဲ့ဗီရိုရှေ့မှာ ခုထိသူကမရွေ့သေးပဲ
ခင်ဗျားခနဖယ်ဆိုပြီး သွားတိုးပစ်ရမလား
မဟုတ်ရင်.ကျွန်တော့်ကိုပဝါတထည်ပေးဆိုပြီးအော်တောင်းလိုက်ရမလားမသိတော့ဘူး..ယောကျ်ားချင်းဆိုပေမယ့်
ကျွန်တော့်ခုပုံစံကိုရောသူ့ရဲ့အဲ့ဒီပုံစံကိုရော
ကျွန်တော်မပြရဲမကြည့်ရဲ.မဟုတ်ဘူး.မပြချင်မကြည့်ချင်တာ

~~~~

ကျွန်တော်အခန်းထဲ ဝင်လာတော့ ကုတင်ပေါ်မှာ ငယ့်ကို
မတွေ့မိ ရေချိုးခန်းဘက်သွားမိတော့ရေကျနေသံကြားတာမို့
ငယ်ရေချိုးနေတာပဲလို့မှန်းမိတယ်..ဒါ့ကြောင့် ကျွန်တော့်အတွက်အချိန်ရနိုင်သည်မို့ အဝတ်အစားကိုဒီခန်းထဲမှာပဲ
လဲဖို့.ခြုံလာတဲ့ပဝါကိုကုတင်ပေါ်တင်ရင်း ကျွန်တော်
အဝတ်ရွေးနေမိတယ်..

 အခ်စ္႐ွိရာ  (Unicode&Zawgyi )  အချစ်ရှိရာSeason1(completed)Where stories live. Discover now