ep13 .

953 57 0
                                    

အရှေ့ပိုဒ်မှအဆက်

နောက်တနေ့မနက်တွင်...

သတင်းစာခေါင်းစည်းပိုင်းနှင့်
TV သတင်းအစီအစဉ်များတွင်
Suppapong group CEO
Mr.Oh suppapong ၏ကားသည်
အရှိန်လွန်မောင်းနှင်မှုကြောင့်
***ရွာအနီးရှိ. ချောက်ထဲပြုတ်ကျ၍
ကားမီးလောင်းမှုဖြစ်ပွားခဲ့

ဇနီးဖြစ်သူ၏အတည်ပြုချက်ဖြင့်
Mr.Oh suppapong ဖြစ်ကြောင်း
အတိအလင်းကြေညာ

ဆိုးရွားစွာပေါက်ကွဲမှုကြောင့်
အလောင်းပင်ရှာဖွေမရ

ထူးခြားဖြစ်စဉ်အဖြစ်
ပေါက်ကွဲမှုဖြစ်စဉ်.ဖြစ်ပွားသည့်နေရာနှင့်
ပေ၂ဝ ခန့်အကွာတွင် မီးလောင်ကျွမ်းနေသော
ကလေးစီးဖိနပ်တရံတွေ့ရှိ.သေဆုံးသူနှင့်သွေးသား
တော်ဆက်မဆက်..စုံစမ်းဆဲ

At saint home

ကိစ္စများအတည်ပြု အပြီး သွေးပျက်ခြောက်ခြားစွာ
ရှိနေသောsaint mae

''သမီး..အီးဟီး..mae သမီးလေး
အဖြစ်ဆိုးလှချည်လားသမီးရယ်
ခင်ပွန်းကို..ဆုံးရှုံးရယုံတင်မက
အခုတော့..အမလေး
မြေးလေး..မြေးလေးကပါ
မိုးနတ်မင်းကြီးရက်စက်လှချည်လား
အီးဟီး..''

''မေမေ..သားလေး.သားလေးsaintလေ..အီးဟီး..
သားဒီလိုဖြစ်တာ.သမီးကြောင့်
သားသမီးတစ်ယောက်ကိုတောင်
သေချာမစောင့်ရှောက်နိုင်တဲ့
သမီးကြောင့်
သမီးရဲ့အပြစ်တွေပါ
မေမေ..အီးဟီး..
သားလေးအစား
သမီးပဲ..သေလိုက်ရမှာ
သေရမှာ..မေမေရဲ့..''

ဖိနပ်လေးက..saint maeကိုယ်တိုင်
ဒီဇိုင်းဆွဲပေးထားတာမို့.နောက်ထပ်တရံဆိုတာ
ရှိမနေမှာအသေအချာပင်

~~~~

အခင်းဖြစ်စဉ်ည...

ဒီ​နေ့တဖက်ဖက်ရွာက အမတစ်ဝမ်းကွဲတစ်ယောက်ဆုံးလို့
ကိစ္စဝိစ္စ အစုံအလင်ဝိုင်းကူပြီး အိမ်ပြန်လာခဲ့တဲ့ကျွန်မ
မိုးချုပ်လွန်းနေသော်လည်း
သားလေးplanက .ပါးပါးနဲ့မှ အိပ်မယ်ဆိုပြီး
အတင်းပူဆာနေတာနဲ့ပဲပြန်လာခဲ့တာပါ.

နောက်ပြီးနာရေးအိမ်.ဖြစ်နေတော့လည်း
မနေချင်တော့တာကြောင့်ရယ်ပါ
သားကငယ်သေးတယ်မလားလေ
ဒီဖက်ရွာထိပ်ထိကို..ပို့ခိုင်းပြီး ကျွန်မတို့သားမိကတော့
လမ်းလျှောက်ပြန်လာခဲ့တယ်

 အခ်စ္႐ွိရာ  (Unicode&Zawgyi )  အချစ်ရှိရာSeason1(completed)Where stories live. Discover now