အရှေ့အပိုဒ်မှအဆက်.
ညနေကငယ်ပြင်ပေးတဲ့.ညစာကိုစားပြီးတာနဲ့
မနါးနိုင်ပဲ.ကုန်တိုက်ကို.ကျွန်တော်သွားခဲ့ရသေးတယ်
အကြောင်းက လိုက်ကာနဲ့ခန်းစီးတွေ.လဲပစ်ဖို့အတွက်.
ကျွန်တော်ကပိုးသါးအနီရောင်ကိုမှ
သုံးခဲ့မိတာလေဗျာ..အဖြစ်ကဆိုးချင်တော့အသေးစိတ်ကိုမှပြန်ပြင်ရတာပေါ့..ငယ့်ကို comမှာအလုပ်ရှိသေးတယ်.လို့အကြောင်းပြပြီး.ထွက်လာခဲ့ပါတယ် ပြီးတော့..တခြားဝယ်စရာတွေလည်း ရှိသည်မလား.အချိန်အတော်ကြာ လှည့်ပတ်ဝယ်ပြီး.လိုအပ်တာတွေအကုန်စုံပြီမို့.ကျွန်တော်ပြန်လာခဲ့လိုက်ပါပြီ..
အိမ်သို့အရောက်..
ဧည့်ခန်းက ကြိမ်ပုခက်မှာ.အိပ်နေတဲ့ငယ်က အပြစ်ကင်းတဲ့ကလေးလေးလိုပါပဲ.တချိန်က ကျွန်တော်နဲ့ကားစီးတိုင်း
အိပ်ပျော်သွားတတ်တဲ့ ငယ့်ကိုတောင်.သတိရမိပါတယ်.မတူတာဆိုရယ်လို့.ကျွန်တော့်တရားဝင်အိမ်ထောင်ဘက်အဖြစ်ပြောင်းလဲလာတာလေးပါပဲ..အိပ်နေတာကြာပြီသာထင် နဖူးထောင့်လေးတွေတောင်ရဲလို့
ဒီတိုင်းနိုးလာတဲ့အထိ ထားလို့တော့မဖြစ်.ကြာရင် ဇက်ပါနာလာမှာမလား..ကျွန်တော် အိမ်ပေါ်ချီတက်သွားဖို့
စဉ်းစားမိပေမယ့်..ငယ်က .အသားထိတာမကြိုက်နောက်ချီသွားရင်းတန်းလန်း ရုန်းနေကာမှ.ပြုတ်ကျရင် ကျွန်တော်ရင်ကွဲပြီးသေမှာ
နိုးဖို့ကလည်း အိပ်မောကျနေပြန်တော့
အားကနာမိပြန်ရော မထူးဘူး ဒီတိုင်းထားလို့
မဖြစ်မှတော့ အသာလေးချီသွားရမှာပါပဲ.အပေါ်ထပ်ကိုအရင်ပြေးတက်ပြီး
အိပ်ယာခင်းနဲ့ ခန်းစီးလိုက်ကာစတွေကို.အမြန်သိမ်းပြီး.ဝယ်လာတဲ့အသစ်တွေနဲ့လဲလိုက်တယ်.ပြီးတာနဲ့ ချက်ချင်းအောက်ကိုပြန်ဆင်းပြီး.ငယ့်ကိုချီဖို့လုပ်ရပြန်တယ်..ငယ့်ဒူးအောက်လက်တဖက်လျိုကာ
နောက်တဖက်က ကျောအောက်ကနေပင့်ရင်း
မနိုးရလေအောင် အသက်အောင့်နေမိတာကကျွန်တော်..
ကျွန်တော်တကယ်ကိုခဲရာခဲဆစ်ကိုကြိုးပမ်းနေရသလိုပါ.အခန်းထဲကိုအသာယာဝင်
နှစ်ယောက်အိပ်ကုတင်ပေါ်ကို အညင်သာဆုံးချပေးကာ
စောင်ကိုတော့လုံအောင်ခြုံပေးလိုက်ပါတယ်
ဘယ်လိုပဲဖြစ်ဖြစ်အသာတကြည်နဲ့မနိုးသွားခဲ့တာကိုပဲ
ကျေးဇူးကအခါခါတင်မိပါတယ်..
![](https://img.wattpad.com/cover/193754189-288-k325266.jpg)
YOU ARE READING
အခ်စ္႐ွိရာ (Unicode&Zawgyi ) အချစ်ရှိရာSeason1(completed)
General Fictionကိုယ်ချစ်မိပြီဆိုကတည်းက ကိုယ့်အပိုင်လို့သာ တသမတ်တွက်ထားတဲ့ အချစ်ကြီးသူတစ်ယောက် ချစ်လို့ပါဆိုတဲ့ ခေါင်းစဉ်တစ်ခုအောက်က ခန္ဓာနဲ့ စိတ်ဆန္ဒကိုပါ အတင်းသိမ်းပိုက်ခြင်းခံရသူတစ်ယောက် အချစ်ရှိရာ.နူးညံခြင်းအရပ်ဆီ အေးချမ်းစွာ.ယှဉ်တွဲ မျက်နှာမူနိုင်မည်လား.. ကိုယ်ခ...