ep36

888 59 5
                                    

အရှေ့တပိုဒ်အဆက်

ညနေလောက်ရောက်တော့
maeတို့နှစ်ယောက်လုံးပြန်သွားတယ်လေ
ငယ်ထင်သလို လာလည်သလိုပုံစံအရပေါ့
စိတ်ချရတဲ့အခြေအနေအရကြောင့်လည်း
ပါ ပါတယ်.မွေးခါနီးလောက်မှပြန်လာမယ်တဲ့လေ

ညတွင်

ညအခါသည်
ကျွန်တော့်အတွက်အလွန်တရာ
အရောက်မြန်စေချင်သော
အချိန်စက်ဝန်းတခုပါ
ကိုယ်တာဝန်ယူရာ
လုပ်ငန်းဆောင်တာတွေကို
ဆောင်ရွက်ပြီးပြီမို့
ငယ့်နားနေခွင့်ရမာ့် အချိန်ဝန်းကျင်မို့ပါ
ဝရန်တာမှာ.လက်ချင်းရှုပ်၍ဖြစ်စေ
ရင်ခွင်ထဲ.မှေးစက်စေ၍ဖြစ်စေ
တနေကုန်မောပန်းသမျှဖြေဖျောက်ရာ
အချိန်ဝန်းကျင်တခု ဖြစ်ခဲ့သည်မို့ပင်
မြန်မြန်ရောက်စေချင်ခဲ့သော.စိတ်ဆန္ဒ
ပြင်းပြခဲ့သော.အချိန်ဝန်ကျင်မျိုး
ဆိုလည်း မမှားပါ..

ဒီနေ့အတွက်တော့မဟုတ်ခဲ့ပါ
ဖြစ်နိုင်သမျှ ညအချိန်မရောက်အောင်
ဆွဲထား၍ရမည်ဆိုလျှင်
ဆွဲထားချင်မိပါသည်
ငယ့် ရဲ့ ကြိုမမြင်နိုင်တဲ့
ပြိုပျက်မှုကခြောက်လန့်လွန်းလို့ပါ..

ညအချိန်ဝရန်တာကနေ
ယှဉ်တူရပ်ရင်
ကောင်းကင်က ကြယ်စင်တွေကို
အလုအယက် ရေတွက်ကျရင်း
ပျော်ခဲ့ဖူးပါတယ်..ကြယ်စင်တွေဆက်ရင်း
အရုပ်ဆွဲလည်းပြိုင်ဖူးပါတယ်
ငယ်ရဲ့အလိုမကျသံနဲ့ ခိုးခိုးခစ်ခစ်ရယ်သံ
တို့သည်လည်း.အတိတ်ဖြစ်ရပ်တခုလိုပင်
ဒီနေ့အဖို့ရာမှာ မမြင်နိုင်မကြားရနိုင်ချေ
ငယ့်ဆန္ဒအတိုင်း
ဝရန်တာသည်လည်း
အမှောင်ထုကြား.အထီးကျန်နေလေရဲ့
(မီးမဖွင့်ခိုင်းတဲ့သဘော)

🐯ငယ်..
(ကျွန်တော့်ကိုကျောပေးရင်း
အိပ်နေတဲံ ငယ်)

🐇အွန်း..ဘာလဲ ပါး..

🐯ငယ် နေရတာ အဆင်ပြေရဲ့လား

🐇ဘာကိုလဲ ပါး..

🐯ဘာမှမဟုတ်ပါဘူး..
ဗိုက်ပူလုံးလေးက ထွားလာပြီမလား..

🐇အနေရခက်မှာစိုးနေတာလား..

🐯အင်း..အဆင်ပြေရဲ့လား

🐇အော..ဒါများ.ပါးရယ်.
ကိုယ့်သွေးသားရဲ့ ဖြစ်တည်မှုပဲဟာ
နေရခက်တယ်ဆိုတာ က
အရေးမကြီးဘူး နေရလည်းမခက်ဘူး
ငယ် ကတသက်လုံးသာလွယ်ထားရမယ်ဆိုလည်းရတယ်
အသည်းအသက်မက ချစ်လွန်းလို့လေ..

 အချစ်ရှိရာ  (Unicode&Zawgyi )  အချစ်ရှိရာSeason1(completed)Where stories live. Discover now