🐇ပါး..ပါပါး..
ငယ်ဖရဲသီးစားချင်တယ်..🐯ဖရဲသီး..အစောကြီး
စားချင်နေတာလား..🐇အွန်း..သွားခူးပေးနော်..
(အိမ်အောက်ဧည့်ခန်းက
ကုတင်ပေါ်မှာ ထိုင်နေတဲ့ ငယ်ပါ
အစားအသောက်နည်းလာပေမယ့်
ခုရက်ပိုင်းမှာတော့ခါတိုင်းထက်ပို စားလာပါတယ်
ငယ် အားရှိမှကလေးလေးကကျန်းမာမှာမို့လို့တဲ့လေ)🐯တခြားဟာ စားပါလားငယ်ရယ်
အစောကြီးစားပြီးဗိုက်နာရင်
ဘယ့်နှယ့်လုပ်မလည်း..
ဖရဲသီးကအရည်စာကြီးမလား..🐇မသိဘူးကွာ..ခူးပေးဆိုခူးပေး..နော်.
(ကုတင်ပေါ်မှာထိုင်နေရင်း
အောက်နှုတ်ခမ်းနဲ့အပေါ်နှုတ်ခမ်းကို အုပ်ရင်း
မျက်လုံးလေးကလယ်ကလယ်နဲ့
ချွဲနေတဲ့ ငယ် ရိုးရိုးနေရင်တောင်
ဒီလူမှာအကြိမ်ကြိမ်သေပါတယ်ဆို
ဘယ်လိုတောင်လုပ်ပြနေတာလည်းငယ်ရာ)🐯အင်းပါအင်းပါ..
ဒါဆိုငယ်ဒီမှာပဲထိုင်နေ
တခုခုလိုတာရှိရင် ကိုယ်တိုင်ထမယူနဲ့
အန်တီကိုခိုင်း..မဟုတ်ရင်လည်း
ကိုယ့်အလာကိုစောင့်
ကြားလား..ဒီဒါလေးက
အရမ်းသတိထားရမယ့်
အရွယ်ရောက်နေပြီနော် ငယ်
(ဗိုက်ပူလုံးကိုလက်နဲ့ပုတ်လာရင်း)🐇အင်းပါ..
စိတ်ချသွား..ဘယ်မှထမပြေးဘူး🐯အင်းပါ..အန်တီရေ့
ကျွန်တော်ခြံအနောက်ဖက်သွားမို့
ငယ့်ကိုဂရုစိုက်ပေးပါအုံး..
လုပ်လက်စကိုထား ထားလိုက်တော့
ငယ့်နားလာထိုင်နေပေး..
ကျွန်တော်သွားပြီ..:ဟုတ်ကဲ့ သူဌေး..
🐯ကိုယ်သွားပြီး..အောက်လုံးဝမဆင်းနဲ့.
(ခေါင်းသာညိမ့်ပြလိုက်ရတယ်
ဒီတိုင်းဆိုဒီကလေးမွေးပြီးတဲ့ထိ
စားဖို့လမ်းမမြင်လို့လေ)သူလည်းသွားအပြီး ခနအကြာ..
🐇ဒေါ်ဒေါ်..မနေ့ကဖုန်းဝင်လာသေးလား..
:ဝင်တယ် သားလေး..
သားဒေါ်ဒေါ့်ကိုမှာပြီး
မကြာဘူး ဖုန်းစိမ်းတလုံးဝင်လာတယ်🐇ဟုတ်လား..
ဘာပြောသေးလည်း..:သတ်လတ်ပိုင်းအရွယ်
၂ယောက်လာတယ်တဲ့
၂ယောက်လုံးအမျိုးသားတွေပဲ
တယောက်က တခုခုရှာသလိုလုပ်ပြီးတော့
တယောက်က လူစောင့်တဲ့အနေအထားနဲ့
ရပ်စောင့်နေတယ်တဲ့လေ နောက်ပြီး
တခြားတယောက်ကို ဖုန်းပြောပြီး
ထွက်သွားတယ်တဲ့ မပြန်ခင်
သူတို့မလာခင် ဘသူလာသေးလည်းလို့
မေးသေးတယ်တဲ့..အဲ့ဒါ
သားမှာတဲ့အတိုင်း ပြန်ဖြေလိုက်ကြတယ်တဲ့..
YOU ARE READING
အချစ်ရှိရာ (Unicode&Zawgyi ) အချစ်ရှိရာSeason1(completed)
General Fictionကိုယ်ချစ်မိပြီဆိုကတည်းက ကိုယ့်အပိုင်လို့သာ တသမတ်တွက်ထားတဲ့ အချစ်ကြီးသူတစ်ယောက် ချစ်လို့ပါဆိုတဲ့ ခေါင်းစဉ်တစ်ခုအောက်က ခန္ဓာနဲ့ စိတ်ဆန္ဒကိုပါ အတင်းသိမ်းပိုက်ခြင်းခံရသူတစ်ယောက် အချစ်ရှိရာ.နူးညံခြင်းအရပ်ဆီ အေးချမ်းစွာ.ယှဉ်တွဲ မျက်နှာမူနိုင်မည်လား.. ကိုယ်ခ...