ep35

851 63 8
                                    

အရှေ့ပိုဒ်အဆက်

စားသောက်ဆိုင်ကထွက်ပြီးတာနဲ့
အိမ်အကူအန်တီကို.အိမ်ပြန်ပို့ပေးခဲ့တယ်.
ငယနဲ့ကျွန်တော့်ကြားရှင်းစရာတချို့ရှိတာကြောင့်ရော.
သိပ်မသင်္ကာစရာတွေလုပ်နေတာအတွက်ရောပေါ
ငယ်တခုခု ဖြစ်ကိုဖြစ်ထားတယ်.အတင်းလည်းထပ်မမေးချင်.
မသိလို့ကလည်းမရတာမို့.တနည်းမဟုတ်တနည်းနဲ့တော့.
သိရအောင်လုပ်ရမှာပါ.

''ကိုယ်လက်ဆေးမလား.ကိုယ်ပြင်ပေးမယ်..''

အပြင်ထပ်အဝတ်တွေချွတ်ချပြီးနောက်ကျွန်တော့်ကိုမေးလာတဲ့အမေး.တိုပြတ်ပြတ်လေသံတွေနဲ့မို့ကျွန်တော်ဝမ်းနည်းမိတာအမှန်ပါ.ဒါမယ့်ထား..ကျွန်တော်နားလည်းနိုင်ပါတယ်.

''ဟင့်အင်း...နားပဲနားချင်တယ်..''

''အင်း..စားချင်တာရောရှိလား..''

''ဟင့်အင်း..''

အားလုံးကိုငြင်းဆိုနေတဲ့ငယ့်ကြောင့် ကျွန်တော့်မှာဘယ်သောစကားကိုမှရှေ့ဆက်မရခဲ့..ဒီအတိုင်းသာရေချိုးပစ်လိုက်ဖို့ကျွန်တော်ကြံပါတယ်.တခါတခါအားလုံးကိုသိခွင့်ရဖို့အားထုတ်ရတာဟာလည်းကိုယ့်အပူကိုယ်ရှာသလိုပင်ပန်းလွန်းပါတယ်.

အတော်အတန်ကြာ...

ကျွန်တော်ရေချိုးပြီးထွက်လာတော့.ငယ် က အိပ်လို့ပင်ပျော်နေပြီ.ညစာလည်းမစားဖြစ်တော့တာမို့
စာကြည့်ခန်းထဲက လက်တော့ပ်ကိုသာ.အခန်းထဲရွှေ့ပြီး
အလုပ်တော့လုပ်ဖြစ်လိုက်ပါသေးတယ်.
မဟုတ်ရင်စိတ်ချည်းကဟာတာတာနဲ့ငူငေါင်နေမှာကိုစိုးလို့
တကယ်ငိုက်မှသာထိုးအိပ်ဖို့ကြံပါတယ်.

At 11:42pm

တလောကလုံးကမှောင်မဲနေပြီး...ကျွန်တော်တစ်ယောက်တည်းကပဲ.ကတ္တရာလမ်းမကြီးပေါ်မှာ.လျှောက်သွားနေမိတယ်.
ညဘက်မှာထွက်တဲ့ .ပိုးကောင်သံတွေကတော့ဆူညံလို့ပေါ့

ဘေးဘီသည်လည်းမှောင်မဲနေသည်မို့
ဘယ်နေရာကိုရောက်နေမှန်းပင်မသိ ရုတ်တရက်ဆိုသလို.
ကျွန်တော့်မျက်လုံးထဲတိုးဝင်လာတဲ့..စူးရှလွန်းတဲ့အလင်းရောင်တစ်ခု...ဟုတ်တယ် ကားမီးအလင်းရောင်တစ်ခု
အရှိန်ပြင်းပြင်းနဲ့ ကျွန်တော့်ကိုဦးတည်ရင်း
မောင်းနှင်လာတဲ့ကားမှာ အင်ဂျင်သံသည်လည်း
ထိတ်လန့်စရာကောင်းလောက်အောင်..ကျယ်လောင်နေတာမျိုးပါ.

 အခ်စ္႐ွိရာ  (Unicode&Zawgyi )  အချစ်ရှိရာSeason1(completed)Where stories live. Discover now