ep11

1K 57 0
                                    

အဖြစ်အပျက်တွေအပြီး.နှစ်ဦးသဘောတူ
စေ့စပ်ဖို့.ဆုံးဖြတ်ခဲ့တယ် သူ့ဘက်ကလက်ထပ်ဖို့အထိတိုက်တွန်းခဲ့ပေမယ့်ကျွန်တော့်ဘက်က .အချိန်လိုကြောင်းထပ်ခါထပ်ခါ.ပြောရင်း..ငြင်းဆိုခဲ့တယ်

ကျွန်တော့်အဖြစ်ကရယ်ရသားဗျ.လွန်ခဲ့တဲ့လအနည်းက
အမျိုးသမီးတစ်ဦးနဲ့စေ့စပ်ဖို့စီစဉ်ခဲ့တဲ့ကျွန်တော်က
ဒီနေ့ဒီအချိန်မှာအမျိုးသားတစ်ယောက်နဲ့
စေ့စပ်တော့မှာတဲ့.ပတ်ဝန်းကျင်ဆိုတဲ့အမျိုးက
အခွင့်ရှိရင်ရှိသလို.ပုတ်ခတ်ချင်ကြတာ.သဘာဝတခုလိုပဲမလား

ပြောနေကြတဲ့စကားတွေကနည်းနည်းတော့ ခံပြင်းမိတယ်
ကျွန်တော်နဲ့Darliရဲ့ မတော်တဆကလည်း
Darliဘက်က ကျွန်တော့်ကို.Gay မှန်းသိသွားလို့
ရှက်ရှက်နဲ့ နှစ်ဦးလုံးသေဖို့မတော်တဆမှုဖြစ်အောင်လုပ်ခဲ့တယ်ဆိုပဲ

အကွက်တော့ကျအောင်ပြောတတ်သား
ပေါက်ကရအရာမှာထူးချွန်ပြီးကောလဟာလမှာ
ပြောက်မြောက်ကြတယ်မလား
ပတ်ဝန်းကျင် ဆိုတာကြီးကလေ

ကျွန်တော်က Gayတစ်ယောက်.မျက်နှာဖုံးနဲ့လူယုတ်မာလိုလို
ပြောဆိုနေကြတာမြင်တော့.ကျွန်တော်ခံစားခဲ့ရတဲ့
ယုတ်မာမှုကရော.ပြောခွင့်တောင်ရှိလို့လား
ကျွန်တော်ကယုတ်မာခံရတဲ့လူဆိုတာကိုရော
သိကြရဲ့လား.မေးခွန်းတော့ ထုတ်မနေတော့ပါဘူး
လူတွေကသူတို့ကြားချင်တာကသာအဖြေဖြစ်ပြီး
သူတို့သိချင်တဲ့အရာမှသာမေးခွန်းလုပ်တတ်ကြတာမလား

သက်တမ်းမစေ့မယ့်.စေ့စပ်ပွဲတခုပဲမလား ဘာကိုအရေးစိုက်ပြီး
မေးခွန်းထုတ်နေအုံးမှာလည်းအလကားသပ်သပ်
ကိုယ့်အကြောင်းလူသိတာပဲအဖတ်တင်မှာ..

မိသားစုဂုဏ်သိက္ခာနဲ့ ကျွန်တော့်ရဲ့အရှက်အတွက်
ဒီပွဲကိုလက်ခံခဲ့ပေမယ့်ရေရှည်အတွက်
မဟုတ်ခဲ့တာကိုတော့.ခင်ဗျားသိပါလေ
ဟုတ်တယ်..ခင်ဗျားဟာသူစိမ်းဒဏ်သင့်ရမယ့်လူပဲ..

''သား...ပွဲစတော့မယ်
ပြင်ဆင်ပြီး.လိုက်တက်ခဲ့.ကြားလား''

''ဟုတ်ကဲ့ mae''

စေ့စပ်ပွဲလုပ်တဲ့နေရာက.ဟိုလူကြီးရဲ့ ပိုင်ဆိုင်မှုတွေထဲက
တစ်ခုဖြစ်တဲ့ ဟိုတယ်တခုရဲ့.မိုးမျှော်ထပ်မှာပါ..

 အခ်စ္႐ွိရာ  (Unicode&Zawgyi )  အချစ်ရှိရာSeason1(completed)Donde viven las historias. Descúbrelo ahora