ep55

635 65 6
                                    

P'nick: ဗျာ!!!..အကိုလေးမှာ..

:ဟုတ်ပါတယ်..လူနာမှာက
ဦးနှောက်နဲ့အာရုံကြော
အပြင်းအထန် ယောင်ယမ်းခြင်း
အစပြေး လက္ခဏာရှိပါတယ်..

P'nick:..ကြာပြီလား..လက္ခဏာပြတာပဲလား
ရောဂါတခုလိုရောစွဲကပ်သွားပြီလား..

:သိပ်အကြာကြီးတော့မဟုတ်သေးပေမယ့်
လူနာကိုယ်တိုင်ကသိထားပါတယ်

P'nick:ဗျာ...ဒါဆိုဘာလို့
ကျွန်တော့်ကိုမဆက်သွယ်တာလည်း
ကျန်းမာရေးကိစ္စအဝဝကို ခင်ဗျားတို့လက်ထဲ
ကျွန်တော်အပ်ထားတာလေ
ဘာလို့ကျွန်တော်မသိရတာလဲ..

:ဒါကဒီလိုရှိပါတယ်
ဒီလက္ခဏာစပြကတည်းက
ကျွန်တော်တို့ဘက်က ဆေးဝါးကုသမှု
ခံယူဖို့တိုက်တွန်းပေးပါတယ် နောက်ပြီး
မိသားစုကိုအသိပေးဖို့လည်း.ပြောခဲ့ပါတယ်
ဒါမယ့် လူနာကလက်မခံဘူး.
အချိန်တခုကိုစောင့်ပေးပါဆိုလို့
ကျွန်တော်တို့စောင့်ကြည့်ခဲ့ယုံပါ
ဒီလောက်ထိမြန်မြန် ဆိုးရွားလာမယ်လို့
မထင်ခဲ့လို့ပါ.ကျွန်တော်တို့ပေါ့ဆတာပါ..

P'nick:ဒါဆို.အကိုလေးသဘောကျ
နှုတ်ဆိတ်ခဲ့တယ်ပေါ့
ကုသမှုမလုပ်ထားပဲနဲ့ပေါ့လေ.ဟုတ်လား
(ဒေါသသံစွက်နေတဲ့.nick)

:မဟုတ်ပါဘူး..လက္ခဏာစပေါ်လောက်ကတည်းက
လူနာက ဆေးရုံကို.လာခဲ့ပါတယ်
တိတ်တဆိတ်ကုသမှာလည်းခံယူထားပါတယ်..
ဆွေးနွေးမှုလည်းခနခနလာလုပ်ပါတယ်
လွန်ခဲ့တဲ့၁လလောက်ကနေတော့
မလာတော့ဘူး..ဆက်သွယ်ဖို့က
သူ့ဘက်ကမဆက်သွယ်ရင်
ကျွန်တော်တို့ဘက်ကဆက်သွယ်ခွင့်
မပေးထားပါဘူး..

တက်ကြွလွန်းလို့ ကျွန်တော်တို့တောင်
အားကျခဲ့တာပါ..ဒါပေမယ့် အခု
ဆေးစစ်ချက်မှာက
ဆေးတွေကိုဖြတ်ထားတယ်..
ပုံမှန်မသောက်တာထက်ကိုပိုတယ်
လုံးလုံးဖြတ်တောက်လိုပ်တဲ့ပုံစံမျိုး..

ဒီလောက်ထိကိုယ့်ကိုယ်ကို
ဂရုစိုပ်တဲ့သူက
ဒီအခြေအနေတခုကို အချိန်တိုတွင်း
ဖန်တီးလိုက်တာကတော့
နားမလည်နိုင်အေါင်ပါပဲ
ဆေးဖြတ်လိုက်တဲ့အကြောင်းအရင်းကို
မသိပေမယ့် ဒီထက်ပိုမဆိုးရွားလာခင်
ဆေးပုံမှန်သောက်ဖြစ်အောင်ဂရုစိုပ်ပေးပါ..
ဦးနှောက်နဲ့အာရုံကြောဆိုကတည်းက
ပေါ့ဆလို့မဖြစ်လို့ပါ..

 အချစ်ရှိရာ  (Unicode&Zawgyi )  အချစ်ရှိရာSeason1(completed)Where stories live. Discover now