ep52(A)

615 71 8
                                    

ညက ငယ်နဲ့အတူနေပြီး
ကျွန်တော့်ခံစားချက်ကတော့
ပြောပြမတတ်အောင် ကြည်နူးမှုအဟုန်က
မနက်ထိ အတောမသတ်နိုင်
ဒါကတော့ ကျွန်တော့်ခံစားချက်ပါ

တညလုံး.တအိအိနဲ့
ခန္ဓာကိုယ်တခုလုံးကို
ကျွန်တော့်ရင်ခွင်ထဲ.
သိမ်းကျုံးတိုးဝင်နေခဲ့တဲ့
ငယ့်ရဲ့ခံစားမှုကတော့
ကျွန်တော်နဲ့ ထပ်တူကျနိုင်ကောင်း
ကျနိုင်ရဲ့..ဒါကငယ့်အပိုင်း

သေချာတာကတော့ ခုချိန်ဆို
အိမ်မှာ ကောက်နေလောက်ရောပေါ့..
စာတစောင်ထားပြီး ထ ထွက်လာတဲ့
ကျွန်တော့်ကိုတော့
ဘယ်လောက်များ ပယ်ပယ်နယ်နယ်
ပြောဆိုနေနေမှာပါလိမ့်
ဒါလည်း.ငယ်သိလို့မရတဲ့
အခြေအနေတခုကနေ စပရိုက်ဆိုတာမျိုး
ဖြစ်အောင်ဖန်တီးပေးချင်တဲ့
ကျွန်တော့်ဆန္ဒကြောင့်ပါ

အကြောင်းက
ဟိုတလောကရိုက်ဖြစ်ခဲ့တဲ့
Family photoလေးတွေက
မနက်ဖြန်ပွဲရက်အမှီမရတဲ့ကိစ္စပါပဲ
တနည်းပြောရရင်
ကျွန်တော့်စနက်ပေါ့ဗျာ
camera man ကိုအကူအညီတောင်းပြီး
ဓာတ်ပုံကိစ္စကို အနှောင့်အနှေးလေးလုပ်လိုပ်တာပါ
တကယ့်ကမှီပါတယ် ကျွန်တော်ကသာ
မဟားတရား အသည်းအသန်
ဖန်တီးလာရပါတယ်ဆိုပြီး.ငယ့်ကိုဂုဏ်ဆာမို့
အစောကြီး ဓာတ်ပုံ ထရွေးတာပါ..
ဟယ် ငယ့် ပါးပါးက
တော်လိုက်တာ ဆိုတာမျိုးကို
ကျွန်တော်ကကြားချင်လို့လေ..
ကျွန်တော့်အကြံ ပိုင်မနေဘူးလားဗျာ.555

camera man p'ပေးလာတဲ့
လုံးဝ စပရိုပ်ဆိုတြာ့ကီးကတော့
ဖွင့်မကြည့်ပါနဲ့ဆိုလို့
ခုထိမကြည့်ရသေး.အိမ်ပြန်ရောက်မှ
အိမ်ထောင်ဖက်နဲ့တူတူကြည့်တဲ့လေ
ဘာရယ်တော့မဟုတ်ပါဘူး
၁ပေပတ်လည် မှန်ဘောင်နဲ့
ဓာတ်ပုံပဲထင်ပါရဲ့ မကြည့်ဆိုလည်း
မကြည့်ဘူးပေါ့ဗျာ..

ကျွန်တော်တို့မိသားစု ဓာတ်ပုံ
အထပ်လိုက်တွေနဲ့အတူ standတွေကိုပါ
ကားနောက်ခန်းမှာထည့် ကျွန်တော်ကတော့
စပရိုက် ကြီးကို လက်မှာပိုက်ပြီး
ကားမောင်းရင်းနဲ့သာ
စိတ်ကောက်နေလောက်မယ့်
ငယ့်ကို တဝ ချော့ပေးဖို့
အကြံရောင်စုံဖြန့်ကျက်ရင်းသာ..

အိမ်သို့အရောက်..

ခြံတံခါးကြီးကလည်း ပွင့်နေတာမို့
အန်တီကို ခေါ်ပြီးဖွင့်ခိုင်းစရာမလိုတော့
နေအုံး.ဘယ်သူလာသွားတာမို့
ခြံတံခါးကပွင့်နေရတာလည်း
စိတ်ကမချပါဘူးဆိုကွာ
ပြီးမှပဲသေချာမှာအုံးမယ်..
စိတ်ပူစရာတွေချည်းရယ်

 အချစ်ရှိရာ  (Unicode&Zawgyi )  အချစ်ရှိရာSeason1(completed)Where stories live. Discover now