ကျွန်တော့်ကို ဖရဲခင်းက
ကယ်ထုတ်လာတဲ့လူကြီး
အိမ်အထိချီလာပေးရတာ မောနေမှာပဲ
အလုပ်ကရောက်ရောက်ချင်း
လာခဲ့မှန်းလည်းအသိအသာ
နားတောင်နားရအုံးမှာမဟုတ်
စိတ်ပူနေတာလားခင်ဗျားကချီလာတဲ့တလမ်းလုံးလည်း
ကျွန်တော့်ကို ငုံ့မကြည့်ဘဲ မျက်နှာတည်ကြီးနဲ့သူ
ကြောက်စရာမကောင်းပဲ ရီချင်မိတာအမှန်ပဲ
ကျွန်တော့်ကိုသူငုံ့မကြည့်ရဲဘူးလေ
ကျွန်တော်ကအဲ့လို နှပ်အီးထွက်အောင်
ငိုထားရင်တောင် ချောတုန်းမို့လေ
(အေးပါဟယ်..)အိမ်ကိုရောက်ပြီးတာနဲ့
အခန်းထဲကိုတန်းပြီးချီတက်သွားတဲ့သူ
လှေခါးထစ်တွေကလည်းများသားရယ်
သနားမိပေမယ့် လမ်းမှမလျှောက်နိုင်တာ
ဗိုက်တင်းတာသေမလိုပဲ
ဖရဲသီးကအရည်တွေကြီးပဲမလားကျွန်တော့်ကိုကုတင်ပေါ်
တင်ပေးပြီး.ရေချိုးခန်းဘက်ဝင်သွားတဲ့သူ
ပြန်ထွက်လာတော့ ရေထည့်ထားတဲ့
ဇလုံတလုံးနဲ့ တပတ်တထည်
ကျွန်တော်မျက်နှာက
ပေပွပြီး လူကညစ်ပတ်နေတယ်မလားရေဇလုံကိုဘေးက စားပွဲပေါ်တင်ပြီး
ချီတုံချတုံဖြစ်နေတဲ့သူ.
ဘာကြောင့်မှန်းကျွန်တော်သိတယ်🐇ရတယ် ကျွန်တော့်ဘာသာ
လုပ်မယ်..အင်္ကျီပဲ သွားထုတ်ပေး
(ရေပတ်တိုက်ဖို့ပါ)🐯အော.အင်း
ရေရွှဲအောင်မလုပ်နဲ့နော်
အအေးပတ်မယ်.သေချာညှစ်ပြီးမှသုတ်🐇အင်း..(ကျွန်တော်ကကလေးလား)
ကိုယ့်ဖာသာပဲ အဆင်ပြေသလို
ရေပတ်သုတ်လိုက်တော့တယ်
ရေပတ်သုပ်တာကပြီးနေပြီ
အဝတ်အစားက ခုထိ မလာသေး
ဘာကိုဘယ်လိုရှာနေတာတုန်း
ဒီမှာခင်ဗျားကြာနေရိုးရိုး
အအေးပတ်တော့မယ် အပိုတဘတ်ကလည်း
မထားထားပေး စောင်ပဲကောက်ခြုံထားလိုက်တော့တယ်
ပေါ်ကိုမလာတတ်တော့ဘူး..ခင်ဗျားက🐇အေးနေပြီ..
(အမြင့်သံနဲ့အသံပေးလိုက်တယ်)🐯အာ.လာပြီ..ကိုယ်လှလှရွေးနေတာ
(အမလေးမြတ်စွာဘုရား..)🐇ဟူးး..မောတယ်
🐯ဒီမှာ.N'နဲ့လိုက်တဲ့
အင်္ကျီ ဟိုးအနောက်ဘက်မှာကွယ်နေလို့
(လိုက်မှာပေါ့ ကိုယ်တိုင်းနဲ့
ချုပ်ပြီးပြီးချင်းကျွန်တော်ဦးဆုံးဝတ်တဲ့
လိမ္မော်ရောင်ဖျော့ဖျော့ကိုမှ
အမဲဒေါင်းစင်းလေးနဲ့လေ
အဲ့နေ့ကအဲ့လူကြီးပါးစပ်တောင်
ယင်ကောင်ဝင်ဥသွားသေး 😁)
YOU ARE READING
အချစ်ရှိရာ (Unicode&Zawgyi ) အချစ်ရှိရာSeason1(completed)
General Fictionကိုယ်ချစ်မိပြီဆိုကတည်းက ကိုယ့်အပိုင်လို့သာ တသမတ်တွက်ထားတဲ့ အချစ်ကြီးသူတစ်ယောက် ချစ်လို့ပါဆိုတဲ့ ခေါင်းစဉ်တစ်ခုအောက်က ခန္ဓာနဲ့ စိတ်ဆန္ဒကိုပါ အတင်းသိမ်းပိုက်ခြင်းခံရသူတစ်ယောက် အချစ်ရှိရာ.နူးညံခြင်းအရပ်ဆီ အေးချမ်းစွာ.ယှဉ်တွဲ မျက်နှာမူနိုင်မည်လား.. ကိုယ်ခ...