ep53

609 68 13
                                    

ကိစ္စတွေဖြစ်အပြီး ငယ်အိမ်ကနေ
ထွက်သွားခဲ့ပါတယ်..
၁ပတ်ကျော်၂ပတ်ပြည့်သည်အထိ
ငယ့်အရိပ်ကိုတောင် ရှာမတွေ့ခဲ့ပါ
မည်သည့်နေရာသို့ ထွက်သွားခဲ့သည်ကို
စဉ်းစားသော်လည်း.အဖြေထွက်ပေမယ့်
တကယ်တမ်းကျငယ်ရှိမနေပါ..
မြေလှန်သလောက်ရှာဖွေပေမယ့်
ငယ့်အားမတွေ့ရသေးပါ..

သားကတော့.ကျွန်တော်နဲ့
ပြသနာဖြစ်တဲ့နေ့ကစ
ငယ်နဲ့အဆက်သွယ်မရှိသည်က
ဒီနေ့ထိပါ..အမြဲတမ်းသားကို
တစာစာဖြစ်နေတတ်တဲ့ငယ်က
ကျွန်တော်နဲ့အပြိုင်ငိုကြွေးနေတဲ့
သားကိုပါ လျစ်လျူရှုပြီးထွက်သွားခဲ့ပါတယ်..

ပါး မျက်ရည်ကိုမြင်ရင်
ရင်နာရတာမို့ ပျော်ရွှင်မှုတွေသာ
ဖန်တီးပေးပါ့မယ်လို့ ပြောခဲ့တဲ့
ငယ်က အခုနေ ရှာဖွေလို့ပင်
မတွေ့တော့ပါ..အပြောနဲ့အလုပ်မညီဘူးရယ်လို့
စွပ်စွဲမရက်သည်က ကျွန်တော်ကစ
အမှားကျူးလွန်ထားသူမို့
တန်ရာတန်ရာခံစားရတယ်လို့သာ
မှတ်ယူထားလိုက်ပါတယ်

စိတ်ထိခိုက်မှုကြီးမားမှာကို
ကျွန်တော်သိပါတယ်
ဘာကြောင့် darliအကြောင်းတွေထိ
သိသွားသလဲဆိုတာတော့
ကျွန်တော်လည်းမတွေးတတ်တော့
အမှန်တရားတခုမို့ ဖုံးကွယ်ထားမရသည်က
သဘာဝတရားရဲ့အလိုအတိုင်းပဲပေါ့.

maeတို့ကို အကြောင်းစုံရှင်းပြပြီးနောက်
ရလဒ်က ဒီအိမ်ထဲမှာပဲ
တယောက်တည်းအထီးကျန်စွာ
ကျန်နေခဲ့ရခြင်းပါ..
သားငယ်ကို ဟိုဘက်အဖွားကခေါ်သွားပြီမို့
သားကိုမတွေ့ရသည်မှာ၁ပတ်ကျော်မကလို့
ငယ်နဲ့ပါ၂ပတ်နီးပါး ဝေးနေရပါပြီ

အဖြစ်မှန်ရှင်းပြပြီး..
အန်တီ့ထက် maeက ခံစားချက်
ပိုပြင်းထန်ခဲ့ပြီး နေရာမှာတင်
သတိလစ်ခဲ့သည်မို့
ဆေးရုံကိုအရေးပေါ်တင်လိုက်ရသည်အထိ
ဖြစ်သွားခဲ့ပါတယ်..၃ရက်တာသတိလစ်မေ့မျောရာမှ
ပြန်နိုးလာချင်းပြောသည့်စကားက
ကျွန်တော့်အား.လူနာကြည့်
အဝင်မခံရန်နှင့်.ကိုယ်ပိုင်နောင်တတရားအား
သုံးသပ်ဖို့နဲ့ အကောင်းဆုံးအဖြေကို
ပြင်ဆင်ခိုင်းထားပါတယ်..

အန်တီကတော့.သားsaintအလိုကျမို့
သားsaintရွေးချယ်ရာအတိုင်းသာ ကျွန်တော့်အား
လိုက်နာခိုင်းပါသည်.
ငယ့် လက်မှတ်တဖက်ပါသော.
ကွာရှင်းစာချုပ်ကို.အိမ်တိုင်ရာရောက်
ပို့လာပေမယ့် ကျွန်တော်ခုထိ
မဆုံးဖြတ်ရသေးပါ..
လက်မှတ်ပေါင်း.သိန်းသန်းမက
ထိုးလာခဲ့တဲ့ကျွန်တော်က.ခုနေခါမှ
စာမရေးတတ်သူတယောက်လို့
penကိုင်နည်းပါမေ့နေဟန်.

 အချစ်ရှိရာ  (Unicode&Zawgyi )  အချစ်ရှိရာSeason1(completed)Where stories live. Discover now