ep56(A)

609 73 7
                                    

🐯ဆေးရုံဆင်းရအောင် p'
၃ရက်ကြီးများတောင်
နေရတာပျင်းနေပြီ
ဆင်းချင်တယ်ဗျာ..
(ဟိုတနေ့ကျွန်တော်နဲ့
စကားအချေအတင်ပြောပြီး
သတိလစ်သွားတဲ့နေ့မှာ
သူ့ကိုအသိမပေးပဲ.ဆရာကတော်ကို
အခြေအနေအဝဝကိုပြောမိလို့
ကျွန်တော့်အားစိတ်ဆိုးနေသည်က
ခုစကားမပြောမီ.
အချိန်ထိပဲဆိုရမှာပေါ့
စကားပြန်ပြောတာပဲကံကောင်း
တခါတလေကလေးဆန်လွန်းသေးသည်မို့လေ.
saintကိုပါမပြောခဲ့မိသည်က
တော်ပါသေးရဲ့ဗျာ.)

P'nick:ဟုတ်ကဲ့..အကုန်စီစဉ်လိုက်ပါ့မယ်..
(ဒီအတောအတွင်း
ဆရာကတော်ရဲ့ နားချမှု
ပါရဂူကြီးတွေရဲ့ နည်းပေးလမ်းညွှန်မှုတွေကြောင့်
ခေါင်းမမာပဲ ဆေးပုံမာန်သောက်နေခဲ့သည်လေ
ဒါကြောင့်လည်း.စိတ်ကြည်လင်နေဟန်)

🐯ဟုတ်....ရက်ချိန်းနီးပြီမလား..
(စားပွဲပေါ်က ဟန်းဖုန်းကိုဖွင့်ပြီး
အကြည့်တို့အား.ဖုန်းမျက်နှာပြင်တွင်
စုစည်းရင်းမေးလာသောperthစကား
စကားစခက်နေဟန်ကိုအကြောင်းခံရင်း
ဖုန်းသုံးနေဟန်ဖြင့်ဖုံးကွယ်နေတဲ့perth)

P'nick:အေးဆေးမှပြောရအောင်လား.
(အခန်းတွင်းလိုအပ်လို့
ယူခဲ့တဲ့ပစ္စည်းတွေကို
ထုပ်ပိုးရင်း အသာတကြည်ပြန်ဖြေလာတဲ့.p'
ပြုံးယောင်ယောင်နှုတ်ခမ်းတစုံတို့က
အရာရာကိုပြင်ဆင်ထားပြီးသလို)

🐯နောက်လည်းဒီစကားပဲဟာကို
(အထွန့်တက်တဲ့ perth)

P'nick:အင်း .ဒီပတ်.ကြာသပတေးပဲ
(ကျစ်ခနဲဆုပ်ကိုင်လိုက်တဲ့
perthရဲ့လက်တစုံ
နောက်လည်းကြားရမယ့်
စကားပါပဲ.n')

🐯ကြာသပတေး.!!. နှစ်ရက်ပဲလိုတော့တာပေါ့..
ငယ် တို့ကတော့ မနားတမ်းပဲဟေ့.

P'nick:ရုံးတော်ရဲ့သဘောပါ..
အမှုကလည်းတင်ပြီးတာ!!

🐯ကျွန်တော်သိပါတယ်ဗျာ..
ရှေ့တပတ်က.ကွာရှင်းဖို့ကမ်းလှမ်းခံရ
ဟော.ဒီတပတ်က.ပြစ်မှုဟောင်းအတွက်
ဆင့်ခေါ်ခံရနဲ့.ကျွန်တော်လည်း
မနားရတော့ဘူးထင်တယ်..ဟားဟား..

P'nick:အဲ့လိုလည်းတွေးမနေပါနဲ့..

🐯ထားပါထားပါ..
အရိုးရှင်းဆုံးတော့ လုပ်ပေး
ခေါင်းမခဲချင်ဘူး..

 အချစ်ရှိရာ  (Unicode&Zawgyi )  အချစ်ရှိရာSeason1(completed)Onde histórias criam vida. Descubra agora