ep39

837 70 5
                                    

🐇ပါး.အား...ပါး..
နာ..နာတယ်..အား...နာတယ်..

🐯ဘယ်နားကလဲ..ငယ်..
နာ..အရမ်း.အရမ်း..နာ..နာ..တာလား
(ချွေးတွေနဲ့ အလူးအလဲ
အော်နေတဲ့ ငယ်..)

🐇ဗိုက်..ဗိုက်.နာတယ်..
အား..နာ..နာတယ်..
ပါး.ကယ်ပါအုံး..

🐯မွေးချင်နေပြီ..ထင်တယ်..
သွား..သွား..သွားမယ်
ဆေးရုံ.ဆေးရုံ..ကိုယ်ချီမယ်..

🐇အား....နာတယ်..
အဟင့်..mae..ကယ်ပါ..
ပါး.ကယ်ပါ..အား..
(ကိုယ်ပါမွေးတော့မလိုပဲ..ဟူး..
သရုပ်ဖော်ရတာလည်း မလွယ်ကြောပဲ..)

ဤသို့ဖြင့်..ဆေးရုံဆီသို့..

မွေးရက်ပြည့်ဖို့.၃ ရက်လိုသေးတာမို့
maeတို့ကမရောက်လာသေးတာပါ
အခုဗိုက်နာတဲ့ အချိန်ကလည်း..
၁၀ခွဲနေပြီ..တကယ့်မိုးချုပ်ချိန်...
ဒီရက်အတွင်းမွေးမှာကြောင့်
ဆေးရုံမှာတော့ အချိန်ပြည့် ကုသမှု
လွယ်ကူဖို့.ကြိုပြီးအသိပေးထားတာက
ဒီအပတ် တနင်္လာ နေ့ကအစပင်..

ငယ့်ကို ကားနဲ့တင်လာတဲ့
တလျောက်.လုံးလည်း
ရူးမတတ်ခံစားနေရတာက
ကျွန်တော်ပါ..ငယ်.နာကျင်လွန်းလို့
ငိုနေတာက ကျွန်တော်
အသည်းခိုက်မတတ်
ထပ်တူနာကျင်ရပါတယ်..
တလမ်းလုံးလည်း ရှိသမျှ
ဘုရားစာတွေသာ ရွတ်ဆိုရင်း
ငယ့်ကိုအားတင်းခိုင်းကာသာ
မောင်းလာရပါတော့တယ်..

🐯ငယ်.တောင့်ထားနော်..
ဆေးရုံရောက်တော့.မယ်..သိလား..

🐇အင်း..အင်းပါ..
မြန်မြန်..မောင်း..အား...မောင်းပေး..
နာတယ်..အား..

ဆေးရုံတွင်...

ခွဲခန်းရှေ့ သေသူလို
မျက်နှာအနေအထားနဲ့
မျေါက်ရှုံးအောင် ပျာယာခတ်နေတာက
ကျွန်တော်ပါ..ဘာလုပ်လို့
ဘာကိုင်ရမှန်းမသိ..
ဘယ်မှာထိုင်ရမှန်းလည်း.မသိ.

ဝင်သွားတာလည်း.ကြာပြီ..
ခုထိလည်းမွေးပြီလို့လာမပြောသေး
မမွေးသေးတာလား..မွေးပြီတာလား..
ကလေးငိုသံလည်းမကြားသလို
ငယ် ရောဘေးကင်းရဲ့လား မသိ
တခုခုဖြစ်ရင်.အား..
ကျွန်တော်ရူးပြီးသေမှာ..
ကယ်ပါ..ဘုရားကယ်ပါ..ငယ့်ကိုတော့
အဆုံးရှုံးမခံနိုင်ပါ..

maeတို့ကို.အကြောင်းကြားထားပေမယ့်
ခုထိတော့ ရောက်မလာသေးပါ.
maeသာ.အနားရှိရင်
ဘာဖြစ်ဖြစ်ကျွန်တော်တောင့်ခံနိုင်မှာ
ငယ့်အတွက်ဆို အမြဲ မျက်ရည်လွယ်တဲ့
ကျွန်တော်က သိတဲ့အတိုင်း..
ပြိုစင်းနေပြီ..ရုတ်တရက်.
ခွဲခန်းတံခါး.ပွင့်လာပါသည်..

 အချစ်ရှိရာ  (Unicode&Zawgyi )  အချစ်ရှိရာSeason1(completed)Where stories live. Discover now