ep40

876 61 9
                                    

ခုဆို..ကျွန်တော့်သားလေးလည်း
၇ ရက်သားအရွယ်ရောက်နေပါပြီ.
ကျွန်တော့်ရဲ့စိတ်မချမှုတွေရော..
ငယ့်ရဲ့ ပူပန်စိတ်ကြောင့်ပါ
ဆေးရုံက မဆင်းသေးပဲ
သားလေးကျန်းမာရေးကို
စောင့်ကြည့်နေကြဆဲ
ကောင်းမွန်ပါတယ်ဆိုတဲ့
အဖြေစကားတွေကိုတောင်
ကျော်လွန်ပြီး ပေကပ်နေခဲ့တာ
တပတ်တောင်ပြည့်ခဲ့ပါပြီ..

တပတ်ပြည့်သည့်တိုင်..
ဆေးရုံရှိကျွန်တော်တို့ရဲ့
VVIP roomရှေ့မှာ
လာရောက်ပို့်နေဆဲ ဖြစ်တဲ့.
ဆုမွန်ကောင်းပန်းခြင်းတွေနဲ့
ဆုတောင်းစာ ပို့စကပ်တွေကတော့
သိမ်းလို့ပင်မကုန်နိုင်ပါ.
သားလေး အတွက်.
အရုပ်တွေကတော့ ဆိုင်ပါ
ပြန်ဖွင့်လို့ရလောက်သည်အထိပါပဲ..
တကယ့်ကိုအချစ်ခံလူတန်းစားလေးပါ..
ကျွန်တော့်သားလေးက..
လူချစ်လူခင်အရမ်းပေါတာ
ဆေးရုံတရုံလုံးက လာလာကြည့်ကြတာ
အခန်းထဲမှာဆိုပွဲလိုပဲ
လူကိုမပြတ်တာ..
(fujoshi and fudanshi squadလေ)

လူမုန်းများလာတာက ကျွန်တော်..
ဘာကြောင့်လဲ သိလား..
ကျွန်တော့်သား ကို
ဘယ်သူ့ကိုမှ အကိုင်မခံတာကြောင့်ပါ..
မကိုင်ရမထိကြရတာလည်း
ရကြတာပါပဲ..ကြည့်ရရင်တော်ပါပြီဆိုတဲ့
nurse မတွေက များသားရယ်..
ကျွန်တော့်သားရဲ့ စန်း ကြောင့်လားတော့ မပြောတတ်
တပတ်သားဆိုပေမာ့် သိပ်ခန့်တာ
သားက ကျွန်တော်နဲ့တူတာလဲ ခပ်များများရယ်လေ..
(အဟမ့်..အမလေး ငါ့လည်ချောင်းဘာဝင်ပါလိမ့်)

ကျွန်တော်အဖြစ်သည်းတိုင်း
ငယ်က သိတဲ့အတိုင်း
မျက်စောင်းတကဲကဲနဲ့..
ထူထူထောင်ထောင်ဖြစ်ကတည်း
ကလေးလုနေရတာက တပြသနာ
တနေ့တနေ့..လုရတဲ့ အလု
ကျွန်တော်တို့ အဖေနှစ်ယောက်ကတောင်
လုနေတယ် ဆိုတော့
မားတို့ကတော့ ချီဖို့ ဝေးသေးနော်
နောက် သားperth မားတို့ကို
ပေးချီလို့လာပြောမှာဆိုးလို့ ကြိုပြောတာ
(ငါ့လက်နှစ်ဖက် ခုတ်ဖြတ်ကောင်းရှိရော့မယ်)

ကျွန်တော့်သားကို ချီးမွမ်းခန်းဖွင့်အုံးမယ်..
သားက တပတ်သားဆိုပေမယ့်
ဆံပင်အုံအရမ်းထူတယ်..
ပသိုင်းမွှေးတောင်ပါသလားပဲ
(ဟဲ့ ဒါတော့ များသွားပြီနော်
တော်ယုံခန့်လည်းရပါတယ်ဟယ်
ကိုယ့်မြေးကိုယ်ပြန်ကြွေအောင်တော့မလုပ်ပါနဲ့..)
အာ.ဟုတ်ပြီဟုတ်ပြီ
ကျွန်တော်နည်းနည်းလျော့ပြောပေးမယ်..ဟဲဟဲ..

 အချစ်ရှိရာ  (Unicode&Zawgyi )  အချစ်ရှိရာSeason1(completed)Where stories live. Discover now