Part 3
FUJOSHI'S HONOUR
သူမ လူထမ်းလှည်းပေါ်တက်သွားလိုက်သည် သူမအမေမှာ သူမအား ဝမ်းနည်းစွာကြည့်ပြီး နှုတ်ဆက်နေသည်
မသိရင် ငါကပဲသေတော့မလို....
သူမလည်းပြန်နှုတ်ဆက်ပြီး လှည်းထဲတွင် ငြိမ်ငြိမ်လေးထိုင်ကာ တရားမှတ်နေသည် စိတ်ထဲကတော့ လုံးဝကိုပေါက်ကွဲနေသည် သူမကို ခမောက်နဲ့ပဝါနဲ့တွဲလျက်လေးကို ဆောင်းပေးထားသည် ပြီးတော့အလှပြင်ပေးတဲ့ကောင်မလေးက နန်းတော်ရောက်ရှင် ပုဝါထုအနီ ခြုံဖို့ ပြောထားသေးသည်
Fxxk!!ငါကဘာလို့ မမြင်ဖူးတဲ့လူနဲ့ လက်ထပ်ရမှာလဲ ငါလက်ထပ်လိုက်ရင် ငါ့လွတ်လပ်မှုပျောက်သွားလိမ့်မယ် တွေးစမ်း တွေးစမ်း ဘာလုပ်သင့်လဲ?
အချိန်ခဏအတွင်းမှာပဲ သူမမျက်နှာထက်ပေါ်တွင် လူယုတ်မာအပြုံးကြီး နေရာယူသွားပါတော့သည် သူမလက်ထဲကနေ အထုတ်လေးထွက်လာခဲ့သည်
အဖေ့ရဲ့မုန်ဖိုးပေးမှု ငွေတုံး၅တုံး အမေ့ဆီချွဲပြီးရခဲ့တဲ့ငွေတုံး၈တုံး အခန်းထဲက အံဆွဲထဲကနေ ထွက်လာခဲ့တဲ့ ရွှေတုံး ငါးတုံး.....
အိုမို အိုမို ငါလေးကဘောစိပဲ မကြာခင် ရောက်ဖူးတော့မယ် ဆောင်ကြာမြိုင်ရေ!!!
0_0
"နန်းတော်သို့ ရောက်ရှိကြောင်းပါ သခင်မလေး"
မနေ့က သူမကိုအော်ခဲ့တဲ့ကိုယ်ရံတော်က ပြောလေသည်
အခုကျတော့လည်း.....
ခမောက်ကိုချွတ်ပြီး ပုဝါနီကိုခေါင်းပေါ်တင်လိုက်သည်
တော်သေးလို့ မပူတာ....
နန်းတွင်းထဲဝင်သွားတော့ သူမကို အားလုံးကကြိုဆိုကြသည် ဒါပေမယ့်အခုထိ အိမ်ရှေ့စံမင်းသားကို မတွေ့ရသေးချေ
မကြာမီမှာပဲ မင်္ဂလာအချိန်ရောက်လာခဲ့တယ်....
သူမကတော့ သတို့သမီးနေရာရောက်နေပြီဖြစ်ပေမယ့် သူမ၏ဘေးတွင်ရှိနေရမဲ့ သတို့သားဖြစ်သူက မရောက်လာသေးပေ
အထီးကျန်လိုက်တာ အခုလိုပစ်ပယ်ခံရတဲ့ခံစားချက်ကြီးကိုမုန်းလိုက်တာ...
ВЫ ЧИТАЕТЕ
Fujoshi's Honour✔
Любовные романыZawgyi+Unicode ၂၁ရာစုတွင် ယန်မင်ရွယ်သည် သူမသေဆုံးပြီးသောအခါမှာတော့ ဟန်မင်းဆက်ခေတ်ကို ရောက်ရှိသွားခဲ့တယ် သူမဟာပထမအဆင့်အမတ်ကြီး၏သမီးတော်ဖြစ်နေသည့်အပြင် မကြာခင်သူမနှင့်ဖူးစာဆုံသွားသောသူမှာလည်း.......ဧကရာဇ်ဖြစ်နေသောအခါ ယန်မင်ရွယ် "ငါဟာဘယ်လောက်ပဲ ကြီးကျယ...
