Why?

2.5K 241 6
                                    

Part-29

FUJOSHI'S HONOUR

သူမ ဒီနေ့ကျောင်းသွားရန် ပြင်နေသည် မနေ့ကဆေးရုံဆင်းခဲ့သည် အမေကနည်းနည်းကြာမှ သွားရန်ပြောသော်လည်း သူမသားလေးတွေကိုတွေ့ချင်နေပြီ သူမမျက်နှာသစ် သွားတိုက်ကာ မျက်နှာကို စနှိုးလိမ်းကာ ဆံပင်ကိုမြင့်မြင့်လေးချီလိုက်သည် ညာဖက်တွင်ကျနေသောဆံပင်ကို Totoro ကလစ်လေးဖြင့်သွယ်လိုက်သည် မှန်ထဲတွင် ကြည်လင်စွာပေါ်နေသောသူမမျက်နှာ သူမကြည့်ကာ ကြည်နူးနေသည်

"ငါ့လိုမျက်နှာပုံစံနဲ့ယောကျာ်းသာရှိရင် ငါယူပစ်မယ် ဟင်းဟင်း"

Pikachu ပါတဲ့Hoodieအမည်းကိုဝတ်ဆင်ပြီး ဘောင်းဘီရှည်အမည်းကို ဝတ်ဆင်ကာ ကိုယ်လုံးပေါ်မှန်တွင် သူမခန္ဓာကိုယ်ကို သူမပြန်ကြည့်ကာ သဘောကျနေမိပြန်သည်

ဒီ Pikachu Hoodieလေးကို ငါမဝတ်ရတော့ဘူးထင်ခဲ့တာ နောက်ဆုံးတော့ ဝတ်ခဲ့ရပြီ ဟီးဟီး....

သူမအောက်ထပ်ကိုဆင်းလာခဲ့သည် သူမအမေသည် မနက်စာပြင်ဆင်ထားပေးသည် သူမအမေကတော့အလုပ်သွားခဲ့ပြီ

"ဟင်း တစ်ယောက်တည်းစားရတာ အထီးကျန်လိုက်တာ"

သူမရှေ့တွင်ချထားသော နွားနို့နှင့်ပေါင်မူန့်မီးကင်ကိုကြည့်ကာ အရင်က သူမအဖေနှင့်အမေတို့နှင့်အတူ စုံလင်တဲ့မိသားစုထမင်းစားဝိုင်းကို ပြန်တွေးနေမိသည်

"အား မျက်ရည်တွေကလည်းကျလာပြန်ပြီ"

သူမမျက်ရည်များကိုသုတ်ကာ မနက်စာစားခြင်းကိုမြန်မြန်ဆန်ဆန် အဆုံးသတ်လိုက်သည် ဖုန်းနာရီကိုကြည့်လိုက်တော့ ၈နာရီခွဲပြီ

"နောက်ကျနေပြီ!WTH!!"

သူမအိမ်ကနေမြန်မြန်ပြေးထွက်လာကာ လမ်းတစ်လျှောက်ကြည့်လိုက်သည်

ဟမ် ငါဘယ်ကနေ ဘယ်လိုသွားရမလဲမေ့နေပြီ လခွမ်း ကောင်းလိုက်တဲ့ဦးနှောက်...

သူမပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်နေရင်းကနေ သူမမျက်လုံးများ ရပ်တန့်သွားသည်

ကောင်လေးတစ်ယောက်သည် စက်ဘီးကိုအေးအေးဆေးဆေးနင်းကာ သွားနေသည်

Fujoshi's Honour✔Where stories live. Discover now