ပထမဆုံးသောအနမ်း. ပထမဆုံးသောအနမ်း

3.8K 381 14
                                        

Part 15

FUJOSHI'S HONOUR

သူမပျောက်ဆုံးနေသည်ကို ဘယ်သူမှမသိကြဘူးလားလို့တွေးရင်း ဝမ်းနည်းလာသည် ဒီနေ့နဲ့ဆို သူမဟာ ဒီစိတ်ပျက်စရာကောင်းတဲ့နေရာကို ရောက်နေသည်မှာ နှစ်ရက်ပင်ရှိလေပြီ ကံကောင်းသည်က ထိုအမာရွတ်မျက်နှာနဲ့လူကို ထိုနေ့ပြီးကတည်းက မတွေ့ရသေးတာပင်

သူမသည် ခေါင်မိုးပေါ်တက်ကာ အောက်မှာကနေကျတဲ့ မိန်းမပျိုလေးတွေကိုကြည့်နေလေသည် ရင်းနှီးတတ်တဲ့မိန်းကလေးတစ်ယောက်ပြောသည့်အရဆိုရင် ထိုမိန်းမပျိုတွေအားလုံးက ထိုအမာရွတ်မျက်နှာပိုင်ရှင်ရဲ့ မယားတွေတဲ့

ဒီလောက်ထိလှပတဲ့မိန်းမပျိုလေးတွေ အားလုံးက သူ့အတွက် ဖြစ်ရတာ မနာလိုလိုက်တာ.....

သူမနှာခေါင်းရှုံလိုက်တယ် သူမနဲ့နှစ်ရက်အတွင်းရင်းနှီးသွားတဲ့ မိန်းမပျိုလေးက ဒီနေရာအကြောင်းကိုရှင်းပြတယ် ဒီနေရာရဲ့ပိုင်ရှင်က အဲ့ဒီအမာရွတ်နဲ့လူပဲ သူ့နာမည်က ဝမ်ချွမ်လိ သူအရင်က မိဖုရားကြီးတစ်ယောက်ရဲ့ကိုယ်ရံတော်ပဲ ပြဿနာတွေဖြစ်ပြီး အဲ့ဒီမိဖုရားကြီးနန်းကျသွားတော့ သူသည်လည်း နန်းတော်မှထွက်လာခဲ့ရသည် နောက်မှသူဒီကိုအခြေစိုက်နိုင်ခဲ့သည်

သူမထိုအကြောင်းတွေကြားပြီးသော်လည်း ကိုယ်နှင့်မဆိုင်ပေမယ့်လည်း ဘာမှသိပ်မသိရသေးသလို ခံစားရသည် ဒီနေရာအကြောင်း ထိုလူအကြောင်းတွေကို သိချင်ပါသည်

သူမအတွေးများနေခိုက် အရှေ့ပေါက်ဖက်မှ ဆူညံမှုတွေဖြစ်လာသည် သူမလည်း ခေါင်မိုးပေါ်တွင် ထိုင်နေရာမှ မတ်တပ်ရပ်လိုက်ပြီး လှမ်းကြည့်လိုက်သည် သူမမြင်နေရတဲ့မြင်ကွင်းမှာ မသဲမကွဲဖြစ်နေသည် သူမလည်း ခေါင်မိုးပေါ်ကဆင်းရန် ခြေတစ်လှမ်းလှမ်းနေချိန် အနားကို ဝမ်ချွမ်လိရောက်လာခဲ့သည် သူဟာ သွေးများစွန်းနေသောဓားတစ်လက်ကိုကိုင်ထားသည် သူ့ရဲ့မျက်နှာတွင်လည်း သွေးများကတစ်စနှစ်စပေကျံနေသည် သူ့ရဲအသက်ပြင်းပြင်းရူသံကို အတိုင်းသားကြားနေရသည်

"ယန်မင်ရွယ် ထွက်ပြေးရအောင်"

"ဟမ် ဘယ်ကိုလဲ ဘာဖြစ်နေတာလဲ"

Fujoshi's Honour✔Onde histórias criam vida. Descubra agora