Semeအစ်ကိုတော်. Semeအစ်ကိုတော်

4.5K 453 9
                                    

Part 5

FUJOSHI'S HONOUR

သူမ မနက်စောစောထကာ အဝတ်တောင်းကိုကိုင်ကာ အဝတ်လျှော်ရန် ထွက်လာခဲ့သည် သူမအနောက်ကနေ ပိုင်ပိုင်လည်း လိုက်လာခဲ့သည် ပိုင်ပိုင်ကို အမတ်ကြီးရဲ့သားက ချစ်သောကြောင့် ပိုင်ပိုင်အတွက် စားနေရေးစိတ်ပူစရာမလိုပါ တခါတလေ ပိုင်ပိုင်ကို အမဲလိုက်ထွက်ရာတွင် ခေါ်သွားတက်သောကြောင့် သူမနဲ့တစ်ခါတလေမှ တွေ့ရသည် သူမလက်ကဒဏ်ရာကတော့ ပိုးဝင်သွားပြီး အခြေအနေမကောင်းပါ အချိန်တိုင်းနာနေပြီး သွေးခဏခဏထွက်သည်

ဒီခြစ်ရာကြောင့် သွေးထွက်လွန်ပြီး သေသွားတော့မှာပဲ.....

သူမအဝတ်လျှော်ပြီးပြန်လာတော့ နေ့လည်တောင်ရောက်နေပြီဖြစ်သည် သူမအဝတ်လှမ်းနေတဲ့အချိန် အစေခံမသုံးယောက်သည် သူမအတင်းအဖျင်းပြောနေတာကို နားနဲ့တရစပ်ကြားနေရသည် သူတို့ကတော့ သူမရှိနေသည်ကို သတိမထားမိပေ

"ဟေ့ နင်တို့သိလား အဝတ်လျှော်သည်မလေ ငါတို့သခင်လေးကို ဖြားယောင်းနေတာဟ"

အဝတ်လျှော်သည်မတဲ့လား! ဒီအစစ်မတွေကတော့ Fxxk Fxxk!!! နင်တို့ပဲဖြားယောင်းနေတာလေ ငါ့မှာပဲများဖို့ အချိန်တောင်မရှိဘူး

စိတ်ထဲတွင် လုံးဝပေါက်ကွဲနေပြီဖြစ်ပေမယ့် အလုပ်ဆက်လုပ်နေဆဲပင်

"ဟက် သူ့လိုအဆင့်ကများ ငါတို့သခင်လေးကို မှန်းရဲတယ်"

"သူ့ကိုဒီအိမ်က ထွက်သွားအောင် လုပ်ကြရအောင် လက်ခံလား"

"လက်ခံတယ်"

သူမ လူမိုက်ဆိုဒ်နှင့် လက်ပိုက်ပြီးပြောလိုက်သည်

"မထွက်သွားခင် နင်တို့ကိုအရင်ပညာပေးသွားမှပဲ"

သူမ အင်္ကျီလက်ကိုပင့်ကာ လက်ဆစ်တွေချိုးပြီး သူတို့အနားကို သွားလိုက်သည် သူတို့သုံးယောက်လုံး အနောက်ဆုတ်လိုက်ကြသည်

"ငါတို့ကိုနာကျင်အောင်လုပ်ရင် နင့်ကို သခင်ကြီးကမောင်းထုတ်မှာနော်"

"သတိပေးလို့ ကျေးဇူးပဲ မလိုတော့ဘူး"

သူမသည် ၂၁ရာစုတုန်းက တိုက်ကွမ်ဒိုသင်ထားသည် ထို့ကြောင့် သူတို့သုံးယောက်ကို အသာလေးလွင့်ထွက်သွားအောင် ဆော်ပလော်တီးလိုက်သည် ပြီးတော့ အထုတ်အပိုးပြင်ကာ ပိုင်ပိုင်နဲ့အတူ ထိုအိမ်ကနေ ထွက်လာလိုက်သည် အမတ်ကြီးက အလုပ်မထုတ်သေးပေမယ့်လည်း ခံပြင်းနေပြီဖြစ်သောကြောင့်သာ မရင်ဆိုင်ရဲဘူးဆို မရင်ဆိုင်ရဲဘူးပေါ့

Fujoshi's Honour✔Donde viven las historias. Descúbrelo ahora