4.1K 438 19
Part 10
FUJOSHI'S HONOUR
"ဘယ္လို"
"အံ့ဩသွားလား ငါကမိန်းကလေးပါ"
သူမပြောရင်းဆိုရင်း ကျန်းကျီရဲ့မျက်နှာဖုံးကို ချွတ်ပေးလိုက်သည် မျက်နှာဖုံးနောက်ကွယ်က မျက်နှာလေးကြောင့် သူမဟက်ထိသွားသည်
ကြွေရုပ်လေးလို လှလိုက်တာ ငါ့ထက်တောင်လှတယ် အား အဲ့လိုကောင်လေးမျိုးက ငါ့သားလေးဖြစ်သွားပြီ....ရက်စ် ရက်စ်
သူမပျော်လွန်းလို့ ထကချင်လာသည်
"ဒီနေ့ကစပြီး ကျန်းကျီက ငါ့ရဲ့မွေးစားသားပဲ ဘာမှမမေးသေးနဲ့ဦး ဗိုက်ဆာပြီလား"
"ဟုတ် ဟုတ်ကဲ့"
"ဒါဆို ယူလာပေးမယ်နော် အနားယူလိုက်ပါအုန်း"
သူမ တံခါးသော့ခတ်ကာ စားဖိုဆောင်က အစားအစာတွေမကာ ဘယ်သူမှမမြင်ခင် အခန်းထဲအမြန်ဝင်သွားလိုက်သည်
"အဆင်ပြေသလိုစားလိုက်နော် ကျန်းကျီအကြိုက်နောက်မှ လုပ်ပေးမယ် အခုတော့ အပြင်ခဏသွားလိုက်အုန်းမယ်နော် ဒီမှာပဲစောင့်နေနော်"
"ဟုတ်ကဲ့"
သူမအမြန် အိမ်ကနေထွက်သွားလိုက်သည် ဈေးထဲတွင် အစ်ကိုတော်နဲ့ယိဖန်အား ရှာလိုက်သည် ဆံထိုးရောင်းတဲ့နေရာမှာ အစ်ကိုတော်နဲ့ယိဖန်ကို မြင်တော့ မြန်မြန်ပြေးသွားလိုက်သည်
"အစ်ကိုတော် ယိဖန်!"
"ညီမတော် ပြန်လာပြီလား ဝတ်စုံက ဘာလို့လည်ထားတာလဲ"
သေရော ငါဝတ်စုံမလဲမိဘူး ဦးနှောက်ကလည်းမေ့တတ်လိုက်တာ ရွှေချထားရမယ်....
"အဲ့တာက အစ်ကိုတော်နဲ့ယိဖန် အံ့ဩအောင်လို့ပါ မိန်းကလေးကညဖက်မထွက်သင့်ဘူးဆို အဲ့တာကြောင့် ယောကျာ်းလေးလို့ ဝတ်လိုက်တာ"
"အင်း အစ်ကိုတော်နဲ့တောင် လုံးဝတူသွားသလိုပဲ"
ဟူး တော်သေးလို့ ယုံသွားတာ....
"ဟီး ဒါပဲလေ အစ်ကိုတော်ရဲ့ညီမလေးပဲကို"
"ဒါဆိုလည်း ပြန်ကြရအောင်လေ"
"ခဏလေး ညီမတော် ဆံထိုးလိုချင်တယ်"
"အင်း လိုချင်တာဝယ် အစ်ကိုတော်ဝယ်ပေးမယ်"
Fujoshi's Honour✔Where stories live. Discover now