သူလေးကငါ့အပိုင်. သူလေးကငါ့အပိုင်

4.1K 412 5
                                    

Part 9

FUJOSHI'S HONOUR

သူမအတွေးထဲနှစ်မြုပ်ပြီး ပျော်မွေ့နေမိသောကြောင့် ပတ်ဝန်းကျင်ကိုတောင်မေ့သွားသည်

"သခင်မလေး သခင်မလေး"

"ဩော် အမ် ဟင် ဘာ ဘာလဲ ယိဖန်"

"သခင်လေးကျောက်က ပြန်တော့မယ်တဲ့"

"ဩော် ဒါဆိုလည်း အိမ်ကိုအန္တရာယ်ကင်းကင်းနဲ့ ရောက်ပါစေလို့ ဆုတောင်းပေးပါတယ် ပိုင်ပိုင် ကောင်းကောင်းနေနော် နောက်ကျရင်လည်း အလည်လာဖို့ ဖိတ်ခေါ်ပါတယ်"

"ဖိတ်ခေါ်ပေးလို့ ကျေးဇူးပါ မိန်းကလေး ကျွန်တော်သွားပြီ"

"ဟုတ်ကဲ့ပါ နှုတ်ဆက်ပါတယ်"

ယွီဖုန်းနဲ့ပိုင်ပိုင် ထွက်သွားတာကိုကြည့်ရင်း သူမအပြုံးကြီးပြုံးလိုက်သည်

နောက်ကျရင် ယွီဖုန်းလေးနဲ့ခဏ ခဏတွေ့ရတော့မှာ အိုက်စ် ပျော်လိုက်တာ ပျော်လိုက်တာ....

"သခင်မလေး"

"အင်း"

"ညနေစာစားချိန်ရောက်ပါပြီ"

"ဗိုက်မဆာသေးဘူး ယိဖန် အပြင်သွားလည်ရအောင်"

"သခင်မလေး ညနေစောင်းတော့မှာပါ"

"ငါသိပါတယ် အစ်ကိုတော်နဲ့အတူ ဆုံတုန်းလေး သွားချင်လို့ပါ"

"သခင်မလေး သဘောပါ"

သူမ ယိဖန်ကိုအကဲခတ်နေလိုက်သည်

ဒီကလေး အစ်ကိုတော်လို့ပြောလိုက်တာနဲ့ ချက်ချင်းလက်ခံတော့တာပဲ ဟင်းဟင်း စိတ်မပူပါနဲ့ မားမားက နှစ်ယောက်သားအတူရှိလို့ရအောင် လုပ်ပေးမှာပါ.....

သူမယိဖန်နှင့်အတူ အစ်ကိုတော်ရှိမဲ့နေရာကိုသွားလိုက်သည် အစ်ကိုတော်က သူ့ရဲ့အခန်းထဲမှာ စာအုပ်ဖတ်နေသည်

"အစ်ကိုတော်"

"ညီမတော် အလည်လာတာလား အာ ယိဖန်လေးနဲ့အတူလား"

"ဟီးဟီး ဟုတ်တယ် အစ်ကိုတော် ယိဖန်နဲ့အတူတူ အပြင်သွားလည်ရအောင်လေနော်"

"နေဝင်တော့မှာ ညီမတော်ရဲ့ မိန်းကလေးကညဖက်အပြင်မထွက်သင့်ဘူး"

Fujoshi's Honour✔Nơi câu chuyện tồn tại. Hãy khám phá bây giờ