မဂၤလာဦးည. မင်္ဂလာဦးည

3.8K 346 11
                                    

Part 20

FUJOSHI'S HONOUR

"ဓားကိုအထက်ဆုံးနဲ့ အသန်မာဆုံးလုပ်ပေးပါ"

သူမသည် ဓားတစ်ချောင်းဆီကိုကိုင်ပြီး စူးစမ်းကြည့်နေသည် ယဲ့ရှင်းသည်လည်း သူမရဲ့ဘေးတွင် ဓားများကိုကြည့်နေသည် သူမမျက်လုံးထဲသို့ဝင်လာသော တောက်ပြောင်နေတဲ့ဓားတစ်ချောင်းကို သူမချက်ချင်းဆွဲယူလိုက်သည်

"ဒါလေး ယူမှာ"

"သေချာပြီလား?"

"အင်း"

"ကိုယ် ဓားအိမ်ရွေးပေးလိုက်မယ် အပြင်မှာခဏစောင့်နေနော်"

"ဒါဆိုလည်း သွားပြီ"

သူမအပြင်ကိုထွက်သွားတော့ ယဲ့ရှင်းသည် ဓားအား ဆိုင်ရှင်ကိုပေးလိုက်သည် ဆိုင်ရှင်သည် ဓားအားကြည့်ကာ ပြုံးပြုံးလေးဖြင့် ဆိုလာသည်

"အဲ့ဒီမိန်းကလေးက အမြင်သိပ်ရှိတာပဲ ဒီဓားက မကြာသေးခင်မှ ပြုလုပ်ထားတဲ့ အထက်ဆုံးနဲ့အသန်မာဆုံးဓားပါ ဓားအိမ်ကိုတော့ မိန်းကလေးနဲ့သင့်တော်တဲ့ဟာ ပြပေးပါ့မယ် လိုက်ခဲ့ပါ"

ယဲ့ရှင်းလည်း ထိုအကြောင်းကို စဉ်းစားနေသည် သူမတွေဝေမှုမရှိဘဲ ယူလိုက်တဲ့ဓားက သူ့ရဲ့လက်စွဲတော်ဓားနှင့် တစ်ပုံစံတည်းဖြစ်နေသည်

ကိုယ့်မိဖုရားလေးက အမြင်သိပ်ရှိတာပဲ....

ယဲ့ရှင်းသည် နီညိုရောင်ရှိသောဓားအိမ်ကို ရွေးလိုက်သည် ဓားကို လခြမ်းပုံလေး ထွင်းထားလိုက်သည် သူမကြိုက်မယ်လို့ မျှော်လင့်ပါတယ် သူသည် ဓားနှင့်အတူ ငွေရှင်းပြီး ဆိုင်အပြင်သို့ ထွက်လာခဲ့သည် ဆိုင်အပြင်မှာ ဘယ်သူ့ကိုမှမတွေ့တော့ပါ သူမဘယ်ရောက်သွားတာလဲ?
အရင်တစ်ခေါက်ကလို ပြန်ပေးဆွဲခံရပြန်တာလားဆိုတဲ့ စိုးရိမ်စိတ်က ကြီးစိုးလာခဲ့သည်

ယဲ့ရှင်းသည် ဈေးများကြားတွင် အတော်ကြာပတ်ရှာလိုက်ရသည် သူမရဲ့အရိပ်အယောင်ပင်မတွေ့ပေ
ယဲ့ရှင်းသည် အပြေးအလွှားရှာနေရင်း မောလာသဖြင့် ခဏရပ်နေလိုက်သည်
သူအရှေ့က ဈေးတန်းလေးများကို ကြည့်နေမိသည် သူ့ရဲ့မျက်လုံးထဲသို့ ဝင်လာသော အနီရောင်ဝတ်စုံလေးနှင့် အနီရောင်ထီးလေးကို ကိုင်ဆောင်ထားသော သူမသည် အရာအားလုံးကို အံ့ဩနေသောမျက်နှာလေးဖြင့် ပတ်ကြည့်နေလေသည်

Fujoshi's Honour✔Место, где живут истории. Откройте их для себя