My OTP

2.9K 250 15
                                        

Part-30

FUJOSHI'S HONOUR

ရှင်းယီသည် မင်ရွယ်ကျောင်းတက်မည်ဟု ပြောထားသောကြောင့် ကျောင်းပေါက်ဝတွင် သွားစောင့်ရန် လာခဲ့သည် လမ်းတွင် ကျိရန်သည် သူနှင့်တိုက်မိသွားသည်

ကျိရန်သည် မကောင်းသောသူတစ်ယောက်ဖြစ်သည် ထို့ပြင်သူသည် LGBTကိုမုန်းသောသူတစ်ယောက်ဖြစ်သည် ကျိရန်သည် အရက်သောက်ထားသေးသည် ထို့ကြောင့်သူသည် မူးမူးနှင့်ဝင်တိုက်ခြင်းဖြစ်သည်

"ဟေ့ေ*ာက်ခြောက်ကောင် မမြင်ဘူးလား"

"ကျိရန် ငါအေးအေးဆေးဆေးပဲနေချင်တယ်"

"ဟင်း ငါနဲ့တစ်ညလောက် မအိပ်ချင်ဘူးလား ပိုက်ဆံပေးမယ်လေ"

"မင်း မစော်ကားနဲ့!"

"အားယို့ အခြောက်လေးကလည်း လာစမ်းပါ"

"ငါ့ကိုမထိနဲ့စမ်း!"

မူးနေသောကျိရန်ကို တွန်းဖယ်ကာ သူပြေးသွားလိုက်သည်
_________

ယဲ့ရှင်း စက်ဘီးကိုထားကာ ကျောင်းထဲကိုဝင်လာတော့ သူ့ကိုဝင်ကြုံးလိုက်သော ကောင်လေးတစ်ယောက်သည် သူ့ရင်ခွင်ထဲရောက်သွားကာ လဲကျသွားသည်

အင့်...

"အိုမို ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော်အလျင်လိုနေလို့ပါ"

ထိုကောင်လေးက မြန်မြန်ထကာ သူ့ကိုဆွဲထူသည်

"ရပါတယ်"

သူ့နောက်ကျောကို ဖုန်ခါကာ ပြန်ပြောလိုက်သည်

"အခြောက်ကောင် ရှင်းယီ!!!!"

တစ်စုံတစ်ယောက်ရဲ့အသံကြောင့် ထိုကောင်လေးက သူ့နောက်သို့ဝင်ကာပုန်းသည်
အသံလာရာကို သူကြည့်လိုက်တော့ သူ့ရဲ့ရန်ဖက်ဖြစ်တဲ့ ကျိရန်

"မင်းပုန်းမနေနဲ့ ငါမြင်နေရတယ်"

"ငါ့နားကပ်မလာနဲ့!"

"ကြောက်မနေစမ်းပါနဲ့ ငါနဲ့လာချစမ်းပါေ*ာက်ခြောက်ရဲ့!!"

"ဟေ့ကောင် လူတွေရှိနေတယ် စကားပြောမရိုင်းနဲ့ မူးနေရင်လည်း အေးဆေးနေ"

"မင်းနဲ့ဘာဆိုင်လို့ ဝင်ပါရတာလဲ ဟဲ့ကောင် ငါနဲ့ထပ်ထိုးချင်လို့လား!"

Fujoshi's Honour✔Where stories live. Discover now