Part_28
FUJOSHI'S HONOUR
သူမမျက်လုံးဖွင့်လိုက်တော့ မြင်ကွင်းသည် ဝေဝါးနေသည် ဆေးနံ့များသည်လည်း သူမနှာခေါင်းတွင်းထဲတိုးဝင်လာသည် သူမရဲ့မြင်ကွင်းကြည်သွားတော့မှ သူမကောင်းစွာမြင်ရသည် သူမအမေက သူမကိုစိုးရိမ်သောအကြည့်များဖြင့်ကြည့်နေသည်
"သမီး အဆင်ပြေရဲ့လား"
တုံယင်သောအသံနှင့်မေးလာသောအမေသည် မျက်နှာဖြူဖတ်ဖြူရော်ဖြစ်နေသည်
အမေလည်းတော်တော်လေးလန့်သွားမှာပဲ...
သူမ ခေါင်းငြိမ့်လိုက်သည် သူမကိုစိတ်ငြိမ်ဆေးထိုးထားသောကြောင့် ခေါင်းကဆစ်ခနဲကိုက်လာသည် လူကလည်းနေရခက်သည်
"သမီးကို လိမ်ခဲ့မိလို့ အမေတောင်းပန်ပါတယ် သမီးအဖေဆုံးသွားတာကို သမီးပြန်ကောင်းလာမှ အချိန်ယူပြီး အသိပေးဖို့လုပ်ထားခဲ့တာပါ အမေ့ကို စိတ်မဆိုးဘူးမလား?"
"မဆိုးပါဘူး အမေ သမီးခုနကဖြစ်သွားတာအတွက် တောင်းပန်ပါတယ် သမီးတအားလန့်သွားလို့ပါ"
"ရပါတယ် သမီးရယ် အဖေမရှိတော့ပေမယ့်လည်း အမေကသမီးကိုလိုလေသေးမရှိ ဂရုစိုက်မှာပါ သမီးသာလိမ်လိမ်မာမာနေပါနော်"
"ဟုတ်ကဲ့ အမေ သမီးမဆိုးတော့ပါဘူး"
ငါ သေပြီးသားလူတွေကို မြင်ရတာပဲ အဖေ့ကိုပြန်တွေ့ရအုန်းမှာပါ....
သူမအမေကိုပြုံးပြရင်း မျက်လုံးများကိုမှိတ်ချလိုက်သည် သူမအနားယူချင်ပါသေးသည်
_______________
ကွန်ပျူတာဆိုင်ရှင်သည် ညနက်ချိန်ရောက်ပြီဖြစ်သောကြောင့် မီးများကို ပိတ်ကာ ဆိုင်ကိုတံခါးပိတ်ပြီး သွားခဲ့သည် မှောင်မည်းနေသောဆိုင်ကြီးတွင် ကျွန်ပျူတာတစ်လုံးသည် လင်းနေခဲ့သည် ကီးဘုတ်သည် အသံများမြည်နေသည် တစ်စုံတစ်ယောက်ကိုစာပို့နေဟန်နှင့်တူသည်
လတ်တလောတွင် နာမည်ကြီးနေသော သရဲတွေကိုနှိမ်နင်းပေးတယ်ဆိုတဲ့ကောင်လေးဆီသို့
နာမည်-ဟန်ယဲ့ရှင်း
သူ့ဆီသို့ ညအချိန်ကြီးတွင် စာတစ်စောင်ဝင်လာခဲ့သည်
ВЫ ЧИТАЕТЕ
Fujoshi's Honour✔
Любовные романыZawgyi+Unicode ၂၁ရာစုတွင် ယန်မင်ရွယ်သည် သူမသေဆုံးပြီးသောအခါမှာတော့ ဟန်မင်းဆက်ခေတ်ကို ရောက်ရှိသွားခဲ့တယ် သူမဟာပထမအဆင့်အမတ်ကြီး၏သမီးတော်ဖြစ်နေသည့်အပြင် မကြာခင်သူမနှင့်ဖူးစာဆုံသွားသောသူမှာလည်း.......ဧကရာဇ်ဖြစ်နေသောအခါ ယန်မင်ရွယ် "ငါဟာဘယ်လောက်ပဲ ကြီးကျယ...
