Part 18
FUJOSHI'S HONOUR
ယွီရှင်းဖိန်းသည် သူမတို့ဆီပြေးလာတော့ သူမသည် ယဲ့ရှင်းလက်ကိုဆွဲကာ ပြေးသည် ယဲ့ရှင်းသည် အူတူတူလေးဖြင့် သူမခေါ်ရာနောက် ပါသွားလေသည်
"မင်ရွယ် ဘာ.. ဘာလို့ပြေးတာလဲ?"
"မသေချင်လို့ပေါ့!! ယဲ့ရှင်းကို လူထပ်မသတ်စေချင်ဘူး "
တကယ်ကို သူမကစိတ်ထားမွန်မြတ်တဲ့မိန်းကလေးပဲ.....
ယဲ့ရှင်းသည် သူမကိုကြည့်ကာ ပြုံးနေသည်
"ကိုယ် ကုန်းပို့ရမလား"
"ဟင့်အင်း ခြေထောက်ပါတယ်"
"....."
ယွီရှင်းဖိန်းသည် မလိုက်နိုင်တော့သဖြင့် ထိုနေရာတွင်ရပ်ပြီး ပြန်လှည့်သွားသည် သူမကတော့ ရှေ့မကြည့်နောက်မကြည့် ပြေးနေလေသည်
"မြန်မြန်ပြေးလေ!!!"
"အနောက်ကိုပြန်လှည့်ပါဦး သူမလိုက်လာတော့ဘူး"
"အား အဲ့ဒါကိုအစကတည်းက ပြောတာမဟုတ်ဘူး ဒီမှာအမောဆို့ပြီးသေတော့မယ်"
သူမသည် ပြေးတာကိုရပ်ပြီး ခါးထောက်ကာ အမောဖြေရင်း နဖူးပေါ်စီးကျလာသော ချွေးများကို သုတ်လိုက်သည်
"ရေဆာတယ် အိမ်မြန်မြန်ပြန်ရအောင်"
"ပင်ပန်းနေပြီမလား ခဏနားကြရအောင်"
"မနားဘူး အိမ်အမြန်ပြန်မှာ ဒီမှာထပ်နေရင် သေမှာပဲ"
"စိတ်မပူပါနဲ့ ကိုယ်ကမင်းကိုအသက်ပေးပြီးကာကွယ်သွားမှာပါ"
"မကာကွယ်ပါနဲ့ ယဲ့ရှင်းရယ် အိမ်ရှေ့စံမင်းသားသေတာ ကျွန်မကြောင့်ဆိုရင် ကြားမကောင်းဘူးလေ"
"...."
နောက်မှာတော့ ယဲ့ရှင်းသည် သူမကိုကျောပိုးကာ မြင်းတွေရှိရာသို့ သွားခဲ့ပါသည် တစ်ညတည်းပင် မြင်းစီးကာ ယန်အိမ်တော်တို့ရောက်လာခဲ့သည် အိမ်တော်သို့ရောက်သော် သူမသည် အိပ်ပျော်နေပြီဖြစ်သည်
ယဲ့ရှင်းသည် သူမကို ပွေ့ချီကာ အိမ်တော်ထဲသို့ ဝင်သွားခဲ့သည် တစ်အိမ်လုံးက လူများသည် သူမတို့အား ကြိုဆိုနေပါသည် သူမကတော့ ဘာမှမသိဘဲ ငြိမ်းချမ်းစွာ အိပ်စက်အနားယူနေပါတော့သည်
ВЫ ЧИТАЕТЕ
Fujoshi's Honour✔
Любовные романыZawgyi+Unicode ၂၁ရာစုတွင် ယန်မင်ရွယ်သည် သူမသေဆုံးပြီးသောအခါမှာတော့ ဟန်မင်းဆက်ခေတ်ကို ရောက်ရှိသွားခဲ့တယ် သူမဟာပထမအဆင့်အမတ်ကြီး၏သမီးတော်ဖြစ်နေသည့်အပြင် မကြာခင်သူမနှင့်ဖူးစာဆုံသွားသောသူမှာလည်း.......ဧကရာဇ်ဖြစ်နေသောအခါ ယန်မင်ရွယ် "ငါဟာဘယ်လောက်ပဲ ကြီးကျယ...
