Part 22
FUJOSHI'S HONOUR
သုံးနှစ်ကြာသော်....
"မင်းတို့ကြားမိကြသေးလား မိဖုရားကြီးဦးဆောင်တဲ့သံတမန်အဖွဲ့က ဟွေ့တိုင်းပြည်ကို ချစ်ကြည်ရေးသံတမန်အဖြစ် သွားတာကို"
"ဘယ်လို ဘယ်လို တိုင်းပြည်ရဲ့မိခင်ကြီးကိုယ်တိုင်က သွားတာ?"
"အေးဟ ဧကရာဇ်က မိဖုရားကြီးအန္တရာယ်ဖြစ်မှာ မစိုးရိမ်ဘူးလားမသိဘူး"
"ဧကရာဇ်က မိဖုရားကြီးကိုသိပ်ချစ်တာ တပ်သားတွေအများကြီးနဲ့ သွားခိုင်းမှာထင်တယ်"
အရက်ဆိုင်မှာရှိတဲ့လူတစ်စုသည် တီးတိုးတီးတိုးပြောနေကြသည် ထိုတီးတိုးစကားသံများကို တစ်ဖက်ဝိုင်းတွင်ထိုင်နေသော သူမသည်ပြုံးနေသည်
သူမသည်ထုံးစံအတိုင်းပင် နန်းတော်အပြင်ကထွက်လာတိုင်း ယောကျာ်းလေးဝတ်နှင့် ဓားအမြဲဆောင်ထားသည်
သူမသည် အမည်းရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး ဆံပင်ကို မြင့်မြင့်ချည်ထားကာ ရှေ့ဆံပင်များကို ချထားသည် သူမပုံစံမှာ ချစ်စရာကောင်းသော အထက်တန်းလွှာသခင်လေးသည် လူမိုက်စတိုလ်ဖမ်းထားသည့်ပုံစံဖြစ်သည် သူမရဲ့ဘေးတွင်ထိုင်နေသောယိဖန်သည် သူမအားမေးလာသည်
"မယ်မယ် ကျွန်တော်သူတို့ကိုသတ်လိုက်ရမလား"
"ယိဖန်ရယ် ဘယ်လိုပြောလိုက်တာလဲ သူတို့ကအမှန်တွေပြောနေတာပဲ မမှန်တာကတော့ ငါကတပ်သားတွေအများကြီးနဲ့မဟုတ်ဘဲ ယိဖန်နဲ့ယွီဖုန်းတို့နဲ့ပဲ သွားတာပဲ ဟားဟား"
"ကျွန်တော် အခုထိနားမလည်သေးပါဘူး မယ်မယ် ဘာလို့ကျွန်တော်တို့နှစ်ယောက်တည်းခေါ်လာရတာလဲ စစ်သူကြီးမင်ယွီ မင်းသားရှင်းယီတို့လည်းရှိတာကို"
ယွီဖုန်းက နားမလည်နိုင်စွာ ရေခွက်ကို လှည့်ရင်းပြောလိုက်သည် သူမသည် ရေခွက်ကို လှမ်းယူလိုက်သည်
"အကြောင်းကတော့ ဒီခွက်ထဲကရေလိုပဲ ခွက်ထဲမှာရေရှိရင် ရေခွက်လို့ခေါ်မယ် အရက်ရှိရင် အရက်ခွက်လို့ခေါ်မယ် ဒီလိုပဲ တိုင်းပြည်မှာ ရာထူးကြီးတဲ့သူတွေမရှိရင် တိုင်းပြည်ဟာ ဘာမှမရှိတဲ့ခွက်ဖြစ်သွားလိမ့်မယ်"
ВЫ ЧИТАЕТЕ
Fujoshi's Honour✔
Любовные романыZawgyi+Unicode ၂၁ရာစုတွင် ယန်မင်ရွယ်သည် သူမသေဆုံးပြီးသောအခါမှာတော့ ဟန်မင်းဆက်ခေတ်ကို ရောက်ရှိသွားခဲ့တယ် သူမဟာပထမအဆင့်အမတ်ကြီး၏သမီးတော်ဖြစ်နေသည့်အပြင် မကြာခင်သူမနှင့်ဖူးစာဆုံသွားသောသူမှာလည်း.......ဧကရာဇ်ဖြစ်နေသောအခါ ယန်မင်ရွယ် "ငါဟာဘယ်လောက်ပဲ ကြီးကျယ...
