Part 23
FUJOSHI'S HONOUR
သူမလှည့်ကြည့်လိုက်တော့ အဘွားအိုတစ်ယောက်ဖြစ်နေသည် အဘွားအိုရဲ့ပုံပန်းအသွင်မှာ ဆင်းရဲသားဖြစ်ဟန်တူသည် အဘွားအိုဟာ ခပ်နွမ်းနွမ်းအဝတ်အစားများ ဝတ်ဆင်ထားပြီး ဆံပင်များကလည်းဖရိုဖရဲဖြစ်နေကာ ရုပ်ကလည်းအကျည်းတန်လှသည်
သူမရုတ်တရက်ကြီးမြင်ရသောကြောင့် လန့်သွားသည် ထိုအဘွားအိုမှာ ရုတ်တရက်ဆန်စွာ သူမရဲ့လက်ကောက်ဝတ်ကိုဆွဲကာ အတင်းဆွဲညစ်နေသည် သူမသည်ရုန်းရှောင်ရန် အချိန်တောင်မရလိုက်
"အား လွှတ် နာတယ် ဘာလို့ဒီလိုလုပ်ရတာလဲ?"
"သခင်လေး အဘွားကိုစားစရာပေးပါ အဟွတ် အဟွတ် အစားမစားရတာ ကြာလှပါပြီ"
"ဟုတ်ကဲ့ပါ ပေးပါ့မယ့် လွှတ်ပေးပါ"
သူမပြောလိုက်တော့ လက်ကောက်ဝတ်ကိုညစ်တာ ဖြေလျှော့သွားပေမယ့် လက်ကောက်ဝတ်ကို ကိုင်ထားဆဲပင်
"အဘွားကိုမသတ်ပါနဲ့နော် အဘွားကြောက်လို့ပါ"
"ဟုတ်ပါပြီ အဘွားရယ် လွှတ်ပေးပါ စားစရာသွားယူပေးပါ့မယ် ဒီမှာပဲစောင့်နေပါ"
အဘွားအိုရဲ့လက်ကို သာသာယာယာဖြုတ်ချကာ သူမထွက်လာခဲ့သည် အဘွားအိုသည် ကျုံ့ကျုံ့ကလေးထိုင်ချကာ သူမကိုမျှောင့်လင့်သောအကြည့်များဖြင့် ကြည့်နေသောကြောင့် သူမစိတ်မကောင်းဖြစ်ရသည်
အဘွားတစ်ယောက်တည်း ဒီတောကြီးထဲ ဘယ်လိုရောက်နေတာလဲမေးအုန်းမှပဲ...
သူမသည် စခန်းချရာနေရာသို့ပြန်ကာ ထမင်းကို အများကြီးထည့်ပြီး အသားတုံးနှစ်တုံး အသီးနှစ်လုံးဖြင့် ပြန်လာခဲ့သည် သူမရောက်လာတာမြင်တော့ အဘွားအိုဟာ မျက်ရည်ဝဲစွာ ပျော်ရွင်စွာဖြင့် ကြည့်နေတယ်
"အဘွား ဒီမှာဖြည်းဖြည်းစားပါ"
"ကျေးဇူးတင်ပါတယ် သခင်လေး အင်မတန်ကျေးဇူးတင်ပါတယ်"
အဘွားအိုဟာ သူမကမ်းပေးလိုက်သော ထမင်းခွက်ကို အားရပါးရစားကာ ကျေးဇူးတင်စကား ထပ်ခါထပ်ခါပြောဆိုနေသည် ခဏအတွင်းပင် ထမင်းကုန်သွားခဲ့သည်
YOU ARE READING
Fujoshi's Honour✔
RomanceZawgyi+Unicode ၂၁ရာစုတွင် ယန်မင်ရွယ်သည် သူမသေဆုံးပြီးသောအခါမှာတော့ ဟန်မင်းဆက်ခေတ်ကို ရောက်ရှိသွားခဲ့တယ် သူမဟာပထမအဆင့်အမတ်ကြီး၏သမီးတော်ဖြစ်နေသည့်အပြင် မကြာခင်သူမနှင့်ဖူးစာဆုံသွားသောသူမှာလည်း.......ဧကရာဇ်ဖြစ်နေသောအခါ ယန်မင်ရွယ် "ငါဟာဘယ်လောက်ပဲ ကြီးကျယ...