Part 16
FUJOSHI'S HONOUR
ဝမ်ချွမ်လိသည် သူ့ရင်ခွင်ထဲတွင် ရှိနေသောမိန်းကလေးကို အကြည့်စူးစူးများဖြင့် ပြတ်ပြတ်သားသားပြောလိုက်သည်
"အခုချက်ချင်းဆင်း"
"ရှင်?"
မိန်းကလေးမှာ မျက်ရည်စလေးများနှင့် ကိုယ်လေးတုန်သွားသည် ဒါတွေကို သူဂရုမစိုက်ပါ သူ့ရင်ခွင်ထဲမှာ မင်ရွယ်ကလွဲပြီး တခြားမိန်းကလေးတွေကို မရှိစေချင်တော့ဘူး
ကျွတ်
သူစုပ်တစ်ချက်သပ်ကာ မြင်းပေါ်ကဆင်းလိုက်သည် မြင်းပေါ်မှာ ကျန်ခဲ့သောမိန်းကလေးကို တစ်ချက်ပင်လှည့်မကြည့်ပဲ အနောက်ဝင်ပေါက်သို့ သွားခဲ့သည် သူမင်ရွယ်ကို နေရာအနှံ့လိုက်ရှာနေမိသည်
သူမင်ရွယ်ကို စစချင်းတွေ့ကတည်းကပင် သဘောကျခဲ့သည် သူမကိုအမြဲတမ်း မျက်ခြေမပျတ် စောင့်ကြည့်နေခဲ့သည် သူမနား နီးကပ်စေဖို့ သူကြိုးစားချင်ပေမယ့် အိမ်တော်ရဲ့ အကြီးအကဲတစ်ယောက်အနေနှင့် သူ့တွင်အလုပ်များသည် ထို့ကြောင့် သူမကိုကြည့်ယုံသာ ကြည့်နိုင်ခဲ့သည် သူမနားကို သွားနိုင်မဲ့နေ့မှာပဲ အိမ်ရှေ့စံမင်းသားယဲ့ရှင်းသည် သူမကိုပြန်ခေါ်သွားရန် တိုက်ခိုက်ဖို့ ရောက်လာပါသည်
အရာအားလုံး ဒီလိုဖြစ်လာရတာဟာ အိမ်ရှေ့စံမင်းသားယဲ့ရှင်းပဲ ချွမ်လိမှာ ယဲ့ရှင်းကို အသဲထဲထိနစ်အောင် မုန်းတီးပါသည် သူ့ရဲ့မျက်နှာပေါ်က ဒဏ်ရာသည် ယဲ့ရှင်းပေးခဲ့သောဒဏ်ရာဖြစ်သည်
ကြာခဲ့ပြီဖြစ်သောနှစ်ကာလများကို ပြန်လည် ပုံဖော်ရမည်ဆိုသော်.....
နန်းတော်အတွင်းတွင် မိဖုရားတစ်ပါးသည် မိဖုရားခေါင်ကြီးကို အဆိပ်ခတ်လုပ်ကြံရန် ကြံစည်သဖြင့် အရှင်ဘုရင်မှာ ထိုမိဖုရားအား အဆိပ်သောက်သေရန် သေဒဏ်ချမှတ်လိုက်သည် ထိုမိဖုရားအပေါ် ချွမ်လိသည် သစ္စာရှိသည် ချစ်ခင်သည်နှင့် ချွမ်လိသည် မိဖုရားကိုကယ်ဖို့ရန် မင်းမိန့်ကိုဖီဆန်ပါတော့သည်
မိဖုရားရဲ့အဆိပ်သောက်သေရမယ့်နေ့တွင်ပဲ ချွမ်လိသောင်းကျန်းခဲ့သည် ချွမ်လိကို ယဲ့ရှင်းကိုယ်တိုင်က တိုက်ခိုက်သည် ဓားရေးမှာ နှစ်ယောက်လုံးအရည်အချင်း ပြည့်ဝသော်လည်း ယဲ့ရှင်းသည် ပို၍တိကျဖျတ်လတ်သောကြောင့် ချွမ်လိမျက်နှာကို ထိသွားသည် ပို၍ ပို၍ သူဖြတ်ကျော်ရမည့်လူတွေများလာသောကြောင့် ချွမ်လိမှာ ဒူးထောက်အရှုံးပေးလိုက်ရသည် သူဒူးထောက်လိုက်ချိန်တွင်လည်း မိဖုရားသည် အဆိပ်သောက်သေသွားခဲ့လေပြီ
ВЫ ЧИТАЕТЕ
Fujoshi's Honour✔
Любовные романыZawgyi+Unicode ၂၁ရာစုတွင် ယန်မင်ရွယ်သည် သူမသေဆုံးပြီးသောအခါမှာတော့ ဟန်မင်းဆက်ခေတ်ကို ရောက်ရှိသွားခဲ့တယ် သူမဟာပထမအဆင့်အမတ်ကြီး၏သမီးတော်ဖြစ်နေသည့်အပြင် မကြာခင်သူမနှင့်ဖူးစာဆုံသွားသောသူမှာလည်း.......ဧကရာဇ်ဖြစ်နေသောအခါ ယန်မင်ရွယ် "ငါဟာဘယ်လောက်ပဲ ကြီးကျယ...
