Part 35
FUJOSHI'S HONOUR
"အား........."
အိပ်ယာထက်မှ ဝုန်းခနဲ ချွေးစေးများနှင့်အတူ သူမနိုးထလာခဲ့သည် ဘေးပတ်လည်ကိုကြည့်လိုက်တော့ ဒါသူမအခန်း..
အမယ်လေး အိပ်မက်ပဲ ဒါပေမယ့်တစ်ကယ်ဖြစ်ခဲ့သလိုပဲ....
မကြာခင်ကမှ ဖုန်းကြည့်ရင်း အိပ်ပျော်သွားခဲ့သော သူမ
'JoJo! Jo Jo Hey!!!!"
Jojoကို မေးကြည့်ရန်ခေါ်ပါသော်လည်း JoJoကရောက်မလာပါ ခေါ်တိုင်းပေါ်မလာတဲ့ အပျင်းကြီးJoJoကို ဘာလို့ပို့ထားပေးလဲဆိုပြီး Great Fujoshi centreမှာ သူမသောင်းကျန်းလိုက်ချင်သည်
'ဘယ်မှာသွားသေနေပြီလဲမသိဘူး' ဟု သူမတစ်ချက်ကြိမ်းဝါးလိုက်ကာ နာရီကိုကြည့်လိုက်သည် အချိန်ကား ၄နာရီဖြစ်သည် သူမရှင်းယီကိုဖုန်းဆက်တော့ ဖုန်းကမဝင်ပေ ဒါကြောင့်သူမအဝတ်အစားလဲကာ အပြင်သို့ထွက်လာခဲ့သည် အိမ်ပြင်ရောက်တော့ သူမခေါင်းမူးသွားခဲ့သည်
တကယ်ပဲနေလို့မကောင်းတော့ဘူး....
ကိုယ်များလည်း ပူကျပ်နေကာ မျက်လုံးများလည်း ဝေဝါးနေလေသည် ဒါပေမယ့်လည်း စိတ်ကိုတင်းထားလိုက်ပြီး ဒီနေ့ကရှောင်ကျင်းရဲ့မွေးနေ့ကို သွားကိုသွားရမည်ဟု ကိုယ့်ကိုယ်ကို တွန်းအားပေးလိုက်သည် ရှောင်ကျင်းအိမ်ထိ အားတင်းပြီးမနည်းလမ်းလျှောက်ရသည် ရှောင်ကျင်းအိမ်တွင် ရှင်းယီရောက်နေလေပြီ သူမကလေးတွေကိုမြင်တာနှင့် ဖျားနေတာတွေတောင် အကုန်ထိုးဆင်းသွားသည် နေလို့ကောင်းလာသည်
"Hey ကလေးတို့ရေ..."
"ဝါး....မား လှလို့ပါလား"
"ဟဲဟဲ ရှောင်ကျင်းက အမြင်ရှိသားပဲ ဒီမှာမွေးနေ့လက်ဆောင်"
"ဝါး အင်္ကျီဒီဇိုင်းက လန်းတယ် မားအမြင်ရှိတယ်"
"ဟီးဟီး ကြိုက်ရင်ပြီးတာပဲ နောက်လကျရင်ရှင်းယီပေါ့"
"အဝေးကြီးလိုပါသေးတယ် မားရေ သွားကြရအောင်လေ တော်ကြာ ညမိုးချုပ်နေအုန်းမယ်"
"အင်း သွားကြတာပေါ့"
စားသောက်ပြီးသွားကြတဲ့အချိန်မှာတော့ ကာရာအိုကေကိုရောက်သွားကြတယ်
ESTÁS LEYENDO
Fujoshi's Honour✔
RomanceZawgyi+Unicode ၂၁ရာစုတွင် ယန်မင်ရွယ်သည် သူမသေဆုံးပြီးသောအခါမှာတော့ ဟန်မင်းဆက်ခေတ်ကို ရောက်ရှိသွားခဲ့တယ် သူမဟာပထမအဆင့်အမတ်ကြီး၏သမီးတော်ဖြစ်နေသည့်အပြင် မကြာခင်သူမနှင့်ဖူးစာဆုံသွားသောသူမှာလည်း.......ဧကရာဇ်ဖြစ်နေသောအခါ ယန်မင်ရွယ် "ငါဟာဘယ်လောက်ပဲ ကြီးကျယ...