Part 33
FUJOSHI'S HONOUR
ရှောင်ကျင်း ခါတိုင်းလိုပင် ကျောင်းစောစောလာဖြစ်ပြီး ရှင်းယီနဲ့မင်ရွယ်ကိုစောင့်သည်မှာ ချိန်းတယ်ဆိုတာထက် အကျင့်လိုဖြစ်နေသည် သူတို့နှစ်ယောက်မပါပါက ရှောင်ကျင်းကျောင်းထဲမဝင်ချင်ပါ မင်ရွယ်ကတော့ ဆေးရုံတင်ထားရတာကြောင့်မလာပါ ဒါကြောင့်ရှင်းယီကိုစောင့်ဖြစ်သည် နောက်အကျင့်တစ်ခုကချိုချဉ်အမြဲငုံထားတတ်တာပဲ
ပါးစပ်ထဲတွင်ရှိသောချိုချဉ်ကို လျှာနှင့်ဟိုလှိမ့်ဒီလှိမ့်လိုက် လုပ်နေမိသည် ရှင်းယီက အဝေးကနေ သူ့ကိုလှမ်းခေါ်သည်
"ဟေ့ ရှောင်ကျင်း!!!"
ရှင်းယီကပြေးလာပြီး ပခုံးဖက်လိုက်သည် ရှောက်ကျင်းထက် ရှင်းယီကအရပ်ပိုရှည်သည်လေ ရှောင်ကျင်းက စပ်ဖြီးဖြီးနှင့်မေးလိုက်သည်
"ဘယ်သွားမလဲ?"
"စာသင်ခန်းပဲပေါ့ ဘယ်သွားချင်လို့လဲ မုန့်စားချင်လို့လား"
"အွန်း"
"ဟားဟား ဒါဆိုသွားကြတာပေါ့"
သူတို့နှစ်ယောက်ကန်တင်းထဲမှာ မုန့်ဝယ်နေရင်း ရှင်းယီဟာ မြင်ကွင်းတစ်ခုကြောင့် အံ့ဩပြီး ဒေါသပါထွက်လာသည်
"ရှင်းယီ ဘာဖြစ်?"
ရှောင်ကျင်းကလည်း ရှင်းယီကြည့်နေတာကို လှည့်ကြည့်မယ်အလုပ် ရှင်းယီက
"အား အား မျက်လုံးထဲဘာဝင်သွားတာလဲမသိဘူး ရှောင်ကျင်းရေ လုပ်ပါအုန်း"
"လာ လာ မှုတ်ပေးမယ်"
ရှောင်ကျင်းက ရှင်းယီမျက်လုံးကိုမှုတ်ပေးနေချိန် သူကြည့်နေသောမြင်ကွင်းက လှုပ်ရှားလာတာကြောင့် ရှင်းယီ ပြာသလဲလဲဖြစ်နေသည်
"ရှောင်ကျင်း အတန်းနောက်ကျတော့မယ် သွားရအောင်""လောလိုက်တာ သက်သာသွားပြီလား?"
"အင်း အင်း"
ဒီလောက် ကြိုးကြိုးစားစားရှောင်တာတောင် ထိပ်တိုက်တွေ့ရသော လူနှစ်ယောက်ကြောင့် ရှင်းယီ လုပ်သမျှ သဲထဲရေသွန်သလိုဖြစ်သွားသည် ရှောင်ကျင်းကတော့ မျက်ဝန်းသေများဖြင့် ထိုမြင်ကွင်းကိုကြည့်နေလေရဲ့ ကျင်းဟိုင်က ကောင်မလေးတစ်ယောက်နှင့်တွဲလာနေသည် ကျင်းဟိုင်က သူတို့ကိုမြင်သွားသောအခါ မျက်လုံးပြူးသွားသည်
VOCÊ ESTÁ LENDO
Fujoshi's Honour✔
RomanceZawgyi+Unicode ၂၁ရာစုတွင် ယန်မင်ရွယ်သည် သူမသေဆုံးပြီးသောအခါမှာတော့ ဟန်မင်းဆက်ခေတ်ကို ရောက်ရှိသွားခဲ့တယ် သူမဟာပထမအဆင့်အမတ်ကြီး၏သမီးတော်ဖြစ်နေသည့်အပြင် မကြာခင်သူမနှင့်ဖူးစာဆုံသွားသောသူမှာလည်း.......ဧကရာဇ်ဖြစ်နေသောအခါ ယန်မင်ရွယ် "ငါဟာဘယ်လောက်ပဲ ကြီးကျယ...