Part 34
FUJOSHI'S HONOUR
ရှောင်ကျင်းအိမ်သို့ပြန်ရောက်လာသည်အထိ ရက်စက်သောအတွေးများက သူမကိုနှိပ်စက်လို့နေသည် လမ်းသွားရင်း ခလုတ်တိုက်ရတာနဲ့ မီးစိမ်းဖြတ်မိတာနဲ့ တစ်ခါတလေ ဓာတ်တိုင်ကို ဝင်တိုက်မိသည်အထိ စိတ်ကယောင်ခြောက်ခြားဖြစ်နေလေသည် မီးဖိုချောင်ထဲတွင်ထိုင်ပြီး မျက်နှာတည်ကြီးနှင့် လုပ်နေတာကတခြား ကြည့်နေတာကတခြားဖြစ်နေသောကြောင့် ရှောင်ကျင်းအမေက သူမအား ခဏခဏလက်တို့ရလေသည် စိတ်ပြန့်လွှင့်ခြင်းများစွာနှင့် နောက်ဆုံးမှာတော့ လှလှပပပုံဖော်ထားသောနံရိုးကင်လေး ရရှိလာပါတယ်
ဘယ်လောက်ပဲစိတ်ပျံ့လွှင့်နေပါစေ သူမကဟင်းချက်ရာတွင် ကျွမ်းကျင်သည်လေ ယခုခေတ်မိန်းကလေးတွေက သူမအရွယ်ဆို ကြက်ဥပဲကြော်တတ်ကြသေးသည် တကယ်တော့ မိန်းကလေးဆိုတာ အနည်းဆုံးတော့ ထမင်းပါချက်တတ်ရမယ်မလား အခုဖတ်နေတဲ့သူလေးလည်း ကြက်ဥပဲကြော်တတ်တယ်ဆိုရင် သင်ယူသင့်ပါတယ်လို့ မင်ရွယ်က စေတနာမေတ္တာဖြင့် မှာကြားလိုက်ပါတယ်
"ရှောင်ကျင်း!! စားလို့ရပြီ"
"ဟုတ်!!!"
ရှောင်ကျင်းသည် ထမင်းစားခန်းထဲသို့ မြန်မြန်ပြေးဝင်လာခဲ့သည် အနံ့လေးကလည်းမွှေးကြိုင်လို့နေသည် နံရိုးကင်ကိုကြည့်ရင်း ရှောင်ကျင်းပြုံးပျော်နေသည် သူမလည်း ရှောင်ကျင်းအပျော်တွေကူးစက်ကာ တွေးခဲ့သမျှအကုန်မေ့လိုက်ပါသည် သူမတို့အားရပါးရစားသောက်ကြသည်
"သိရဲ့လား ဒီနေ့ကရှောင်ကျင်းမွေးနေ့လေ"
"ရှင်!!!!"
ဒီနေ့က ရှောင်ကျင်းမွေးနေ့?!?!? ဒီကောင်လေး ငါ့ကိုမပြောပြန်ဘူး အား!!!! သိရဲ့သားနဲ့ မေ့ပြန်ပြီ အား စိတ်တိုလိုက်တာ!!!
"ဟင် ဟုတ်လား ကျွန်တော်ဘယ်နှနှစ်ပြည့်တာလဲ?"
ဟမ် ဒီကောင်လေး သူ့မွေးနေ့တောင် သူမသိဘူးလား?
"၁၆နှစ်ပြည့်ပြီလေ"
"ဩော်"
"ရှောင်ကျင်းရေ မွေးနေ့မှာ ဘာမှမကျွေးတော့ဘူးလား?"
YOU ARE READING
Fujoshi's Honour✔
RomanceZawgyi+Unicode ၂၁ရာစုတွင် ယန်မင်ရွယ်သည် သူမသေဆုံးပြီးသောအခါမှာတော့ ဟန်မင်းဆက်ခေတ်ကို ရောက်ရှိသွားခဲ့တယ် သူမဟာပထမအဆင့်အမတ်ကြီး၏သမီးတော်ဖြစ်နေသည့်အပြင် မကြာခင်သူမနှင့်ဖူးစာဆုံသွားသောသူမှာလည်း.......ဧကရာဇ်ဖြစ်နေသောအခါ ယန်မင်ရွယ် "ငါဟာဘယ်လောက်ပဲ ကြီးကျယ...
