Part 7
FUJOSHI'S HONOUR
မနက်ထလာလာချင်း အစေခံတွေဟာ သူမအခန်းထဲရောက်နှင့်နေပြီးသားဖြစ်တယ် သူမကိုမနက်စောစော ရေကန်ထဲတွန်းချပြီး အဝတ်အစားတွေဆင်ပေးနေသည်
သူမကို ပန်းနုရောင်နဲ့အဖြူရောင်စပ်ထားသော ဝတ်စုံလေးကိုဆင်ပေးသည် ဆံပင်ကိုတော့ နှင်းဆီပန်းကလစ်လေးနဲ့သာ တွယ်ထားလိုက်သည်ဒီနေ့က မိဖုရားခေါင်ကြီးနဲ့သွားတွေ့ရမယ့်နေ့ပါလား အိစ် ကြောက်လိုက်တာ......
အဝတ်အစားတွေဆင်ပြီးသွားတော့ အမေက သူမကိုအထုတ်ကလေးနှင့် စောင့်နေသည်
"မယ့်မယ့်"
"ဩော် သမီးတော် ပြင်ဆင်ပြီးပြီလား ရော့ ဒါလေးက အချိုမုန့်ဘူးလေး မယ့်မယ့်ကိုယ်တိုင်လုပ်ထားပေးတာ မိဖုရားခေါင်ကြီးက အချိုသိပ်နှစ်သက်တာ လက်ဆောင်အဖြစ်ပေးလိုက်နော်"
"ဟုတ်ကဲ့ပါ မယ့်မယ့်"
"ဒါဆိုသွားရအောင်လေ အိမ်ရှေ့စံမင်းသား အရှေ့မှာစောင့်နေတယ်"
"သူက ဘာလို့စောင့်နေတာလဲ"
"သမီးတော်ကို လာခေါ်တာလေ"
"......."
သူမ လက်ဆောင်ထုပ်လေးကိုကိုင်ကာ အရှေ့က အစ်ကိုတော်နဲ့ယိဖန်ကိုတွေ့တော့ အပြုံးကြီးပြုံးလိုက်သည်
"အစ်ကိုတော် ယိဖန်"
"ညီမတော် ဒီနေ့ လှနေတယ် မိဖုရားခေါင်ကြီးနဲ့ သွားတွေ့ရမှာမို့လို့လား"
"ညီမတော်က အမြဲတမ်းလှနေတာလေ ဟုတ်တယ်မလား ယိဖန်"
"ဟုတ်တာပေါ့"
"အစ်ကိုတော်နဲ့ယိဖန်က ဘယ်သွားကြမလို့လဲ"
"ညီမတော်ကို နန်းတော်လိုက်ပို့ပေးမလို့လေ"
"အယ် မလိုပါဘူး အစ်ကိုတော်နဲ့ယိဖန်သာ ဈေးထဲပျော်ပျော်ကြီးသာ လျှောက်လည်ကြပါနော် ညီမတော်က လုံးဝကိုအဆင်ပြေပါတယ်"
အစ်ကိုတော်နဲ့ယိဖန်က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည် ပြီးမှ သဘောတူသွားသည့်ပုံစံဖြင့် နှစ်ယောက်လုံးနှုတ်ဆက်ကာ သွားခဲ့ကြသည် သူတို့အတွဲကို လိုက်ချောင်းချင်ပေမယ့်လည်း အိမ်ရှေ့စံမင်းသားက အရှေ့မှာ ရပ်စောင့်နေသည်လေ
ВЫ ЧИТАЕТЕ
Fujoshi's Honour✔
Любовные романыZawgyi+Unicode ၂၁ရာစုတွင် ယန်မင်ရွယ်သည် သူမသေဆုံးပြီးသောအခါမှာတော့ ဟန်မင်းဆက်ခေတ်ကို ရောက်ရှိသွားခဲ့တယ် သူမဟာပထမအဆင့်အမတ်ကြီး၏သမီးတော်ဖြစ်နေသည့်အပြင် မကြာခင်သူမနှင့်ဖူးစာဆုံသွားသောသူမှာလည်း.......ဧကရာဇ်ဖြစ်နေသောအခါ ယန်မင်ရွယ် "ငါဟာဘယ်လောက်ပဲ ကြီးကျယ...