Third Ship

3.1K 294 12
                                        

Part 24

FUJOSHI'S HONOUR

ချစ်ဖိဖုရားလေး အဆင်ပြေပါ့မလား?

ချစ်မိဖုရားလေး ဘေးကင်းရဲ့လား?

ချစ်မိဖုရားလေး နေကောင်းရဲ့လား

ချစ်မိဖုရားလေးကို ကိုယ်တော်လွမ်းလိုက်တာ

ချစ်မိဖုရားလေးရေ မြန်မြန်ပြန်လာပါတော့

ကိုယ်တော် ချစ်မိဖုရားလေးကိုတွေ့ချင်နေပြီ ကိုယ်တော့်ကိုချစ်ရင်မြန်မြန်ပြန်လာပါနော်

ကိုယ်တော် ချစ်မိဖုရားလေးမရှိရင် အထီးကျန်လှတယ်

ကိုယ်တော် သိပ်လွမ်းတာပဲ ချစ်မိဖုရားလေးရယ်.....

နေ့တိုင်း နေ့တိုင်းသတိရတယ် ချစ်မိဖုရားလေးရယ်....

ယဲ့ရှင်းသည် စာပို့သောဌက်ကလေးအား အသာအယာပွတ်သတ်ကာ ကောင်းကင်ထက်သို့လွတ်ပေးလိုက်သည်

ချစ်မိဖုရားဆီ စာလေးမြန်မြန်ရောက်ခဲ့ရင်ကောင်းသား မြန်မြန်ပြန်လာပါတော့......

ယဲ့ရှင်းသည် သူမရဲ့ပူံတူပန်းချီကားလေးကိုကြည့်ကာ အလွမ်းကိုဖြေလျှော့နေရသည်

ပန်းချီကားလေးထဲမှာ မေပယ်ရွက်လေးတွေ ကြွေကျနေတဲ့အောက်မှာ သူမအလှဆုံးပြုံးနေသည်

"ချစ်မိဖုရား"
_______________

ညောင် ညောင် ညောင်

ကြောင်လေးတစ်ကောင်ရဲ့အသံကြောင့် ယွီဖုန်းသည် နန်းတော်ထဲတွင် လှည့်ပတ်ပြီး ရှာနေသည်

"ကြိမ်းသေပေါက် ဒီနားမှာရှိရမယ်"

ယွီဖုန်းသည် ခေါင်မိုးပေါ်တွင် သူ့ကိုကြည့်နေသော ကြောင်ဖြူလေးကို တွေ့သွားသည်

"ဟား ဟား နောက်ဆုံးတော့ ငါမင်းကိုရှာတွေ့ပြီ လာပါအုန်း ဒီကို"

ကြောင်ဖြူကလေးသည် သူ၏စကားကို နားလည်သည့်အနေနှင့် ခေါင်မိုးပေါ်မှဆင်းလာကာ အနားကိုလာရင်း သူ့ခြေထောက်အား ပွတ်သတ်နေသည်

ညောင်

ယွီဖုန်းသည် ထိုင်ချကာ ကြောင်ဖြူလေးကို ရင်ခွင်ထဲဆွဲပြီး ပွတ်သတ်ပေးလိုက်သည်

Fujoshi's Honour✔Donde viven las historias. Descúbrelo ahora