Part 6
FUJOSHI'S HONOUR
"အစ်ကိုတော်"
သူမပါးစပ်ပင်စိမရတော့ပါ လုံးဝကိုမပြုံးပဲ မနေနိုင်တော့တဲ့အထိဖြစ်နေပြီ
"ညီမတော် မတွေ့ရတာကြာတော့ ညီမတော်ရုပ်ဆိုးလာတယ်နော် အစ်ကိုတော်ကလွမ်းနေတာ"
"ညီမတော်ရုပ်ဆိုးမှန်း ညီမတော်ကိုယ်တိုင်သိပါတယ် ညီမတော်လည်း အစ်ကိုတော်ကို လွမ်းနေတာ"
ဒီလိုမုသာဝါဒတွေ သုံးမိတဲ့အတွက် ဆောတီးပါ အစ်ကိုတော်ရေ တကယ်တော့ အစ်ကိုတော်ကို သိတာသိတာ မြင်တောင်မမြင်ဖူးဘူးကွယ် အခုမှမြင်ရတာပါ တစ်လလုံးလုံးအဝတ်ပဲလျှော်နေလို့ လွမ်းဖို့အချိန်လည်းမရှိပါဘူးနော်.......
"လွမ်းတယ်ဆိုရင်လည်း ဘာလို့အိမ်ကထွက်သွားရတာလဲ အပြင်မှာ တော်တော်ပင်ပန်းခက်ခဲခဲ့မှာပေါ့"
"ပါ့ပါက လက်မထပ်ရင်ကြိမ်ဒဏ်၅၀နဲ့တစ်နှစ်အပြင်ထွက်ခွင့်ပိတ်မယ်လို့ ပြောလို့"
ပြောလည်း ပြောရင်း အဖေကိုကော အိမ်ရှေ့စံမင်းသားကိုပါ မကြည်ကြည့်ကြည့်လိုက်သည် နှစ်ယောက်လုံးက တစ်ပြိုင်နက် အကြည့်လွဲသွားကြသည်
မင်ရွယ်ရဲ့အစ်ကိုတော်အကြောင်းပြောရမယ်ဆိုရင် သူ့နာမည်ကယန်မင်ယွမ် သူကဒုတိယအဆင့်စစ်သူကြီးဖြစ်တယ် သူဟာ အပျော်အပါးမမက်မောပဲ စစ်ရေးစစ်ရာမှာ ပိုပြီးအာရုံစိုက်ပါတယ် လူကြီးလူကောင်းတစ်ယောက်ပေါ့ ဒီခုမှရောက်လာတယ်ဆိုတာကလည်း အိမ်နီးချင်းနိုင်ငံဆီကို ကိုယ်စားလှယ်အနေနဲ့ သွားနေရသောကြောင့်ဖြစ်သည်
ရက်စ် ရက်စ် ဒါဟာလုံးဝပြီးပြည့်စုံတဲ့ ဆဲမဲအစ်ကိုတော်ပဲ Perfectဖြစ်တဲ့ဆဲမဲတွေက ချစ်စရာကောင်းတဲ့အုကဲလေးတွေနဲ့ဆိုရင် လုံးဝလိုက်ဖက်တဲ့စုံတွဲပဲ အပြစ်ပြောစရာကိုမလိုဘူး ပြောရမယ်ဆိုရင် ယိဖန်လိုအုကဲလေးမျိုးပေါ့ အိုမို အိုမို စိတ်လှုပ်ရှားလိုက်တာ....
သူမမင်+ဖန်အတွဲလေးကို ပုံဖော်ရင်း ဟက်ထိနေတော့သည်
"အဟမ်း ထမင်းစားကြရအောင်"
အဖေပြောလိုက်တာကြောင့် အကုန်လုံးစစားကြသည် သူမလည်း အမေ့ကိုဟင်းထည့်ပေးလိုက် အစ်ကိုတော်ကို ဟင်းထည့်ပေးလိုက်နှင့် အလုပ်ရှုပ်နေသည် တကယ်တော့ သူမဗိုက်မဆာလို့ပါ ပေါက်စီလေးလုံးတောင် စားထားတာကို အမေနဲ့အစ်ကိုတော်ကို ဂရုအစိုက်လွန်သွားသဖြင့် အဖေနဲ့အိမ်ရှေ့စံမင်းသားရှိမှန်းတောင်မေ့နေသယောင်
ESTÁS LEYENDO
Fujoshi's Honour✔
RomanceZawgyi+Unicode ၂၁ရာစုတွင် ယန်မင်ရွယ်သည် သူမသေဆုံးပြီးသောအခါမှာတော့ ဟန်မင်းဆက်ခေတ်ကို ရောက်ရှိသွားခဲ့တယ် သူမဟာပထမအဆင့်အမတ်ကြီး၏သမီးတော်ဖြစ်နေသည့်အပြင် မကြာခင်သူမနှင့်ဖူးစာဆုံသွားသောသူမှာလည်း.......ဧကရာဇ်ဖြစ်နေသောအခါ ယန်မင်ရွယ် "ငါဟာဘယ်လောက်ပဲ ကြီးကျယ...