Part 4
FUJOSHI'S HONOUR
လက်ထပ်ပွဲဖျက်သိမ်းပြီး တစ်ရက်အကြာမှာတော့
မင်ရွယ်၏ဖခင်ဖြစ်သူ အမတ်ကြီးဟာ မင်ရွယ်အိမ်ကနေထွက်သွားတာကို သိရသဖြင့် လွန်စွာပူဆွေးဝမ်းနည်းနေသည် မင်ရွယ်ကိုလည်း လိုက်ရှာဖို့ရန် လူတွေလွတ်ထားသည် သူကိုယ်တိုင်၌အပြစ်ရှိသလို ခံစားရသောကြောင့်လည်းဖြစ်သည် မင်ရွယ်အမေသည်လည်း ထိုကိစ္စကြောင့် အိပ်ရာထဲ လှဲနေလေသည်
လက်ထပ်ပွဲပျက်စီးသွားခြင်းဟာ အိမ်ရှေ့စံမင်းသားဟန်ယဲ့ရှင်းအပေါ်လည်း အကျိုးသက်ရောက်မှုများခဲ့သည်
ဒါပေမယ့် အဓိကတရားခံဖြစ်တဲ့ မင်ရွယ်မှာတော့ ထိုအကြောင်းကို ခေါင်းထဲရှိရဲ့လားတောင် မထင်ရပေ
ဆောင်ကြာမြိုင်ကိုသွားဖို့ အသပြာစုနေလေသည်
"ဘာလို့ဆောင်ကြာမြိုင်ကိုသွားချင်နေရတာလဲ?"
ကြာပြီဖြစ်တဲ့ Great Fujoshi Centre ဥက္ကဌရဲ့အသံလေးကြောင့် သူမသာသာယာယာပြုံးလိုက်သည်
"သိချင်လို့လား ပြောပြမယ် ငါအိမ်ကစထွက်လာတုန်းက ဆောင်ကြာမြိုင်ကို ဝင်သေးတယ်"
"ဆောင်ကြာမြိုင်က မိန်းကလေးတွေပေးဝင်လို့လား?"
"ဒါကလွယ်ပါတယ် ငါကယောကျာ်းလေးပုံစံပြောင်းပြီးတော့ဝင်တာလေ ငါကယိဖန်နဲ့ဝတ်စုံလဲလိုက်တယ် အစကတော့ ငြင်းပေမယ့် မငြင်းနိုင်တော့တဲ့အဆုံး ယိဖန်ကသူ့ဝတ်စုံငါ့ကိုဌားပေးလိုက်တယ် ယိဖန်က မိန်းကလေးဝတ်စုံနဲ့ သိပ်လိုက်ဖက်တယ် ယိဖန်က ငါ့အုကဲလေး အဲလေ ငါ့သားအုကဲလေးပဲဆိုတာ ငါတပ်အပ်ပြောနိုင်တယ် ငါဆောင်ကြာမြိုင်ကို ဝင်သွားတော့ ယောကျာ်းလေးတွေ အများကြီး တန်းစီနေတဲ့အဆောင်ရှေ့ရောက်ခဲ့တယ် အဲ့ဒီအဆောင်ရှေ့မှာ ငွေတုံးရွေတုံးတွေကိုင်ပြီး စောင့်နေကြတဲ့အဘိုးကြီးတွေ လူလတ်ပိုင်းတွေ အများကြီးပဲ ငါလည်းစိတ်ဝင်စားသွားပြီး ဘေးကလူကိုမေးကြည့်တာပေါ့ သူကပြောတယ် အဲ့ဒီအဆောင်ထဲမှာ ကြွေရုပ်လေးလိုလှပတဲ့မျက်နှာနဲ့ သွယ်လျလှပတဲ့ယောကျာ်းလေးရှိတယ်တဲ့ သူ့ကိုလိုချင်တဲ့သူတွေအများကြီးပဲ မင်းသားတစ်ယောက်တောင်မှပေါ့ ဒါပေမယ့် ကြေးအများဆုံးပေးနိုင်တဲ့သူမှသာ အဲ့ကောင်လေးနဲ့ တညအိပ်ခွင့်ရှိတယ်တဲ့ ငါလည်းအဲ့ကောင်လေးကိုမြင်ချင်တာပေါ့ မပြောနိုင်ဘူးလေ အုကဲလေးဖြစ်ရင်ဖြစ်နေမှာ အဲ့တာကြောင့် ငွေရှာနေတာ ဟုတ်ပြီလား?"
YOU ARE READING
Fujoshi's Honour✔
RomanceZawgyi+Unicode ၂၁ရာစုတွင် ယန်မင်ရွယ်သည် သူမသေဆုံးပြီးသောအခါမှာတော့ ဟန်မင်းဆက်ခေတ်ကို ရောက်ရှိသွားခဲ့တယ် သူမဟာပထမအဆင့်အမတ်ကြီး၏သမီးတော်ဖြစ်နေသည့်အပြင် မကြာခင်သူမနှင့်ဖူးစာဆုံသွားသောသူမှာလည်း.......ဧကရာဇ်ဖြစ်နေသောအခါ ယန်မင်ရွယ် "ငါဟာဘယ်လောက်ပဲ ကြီးကျယ...
