Part 13
FUJOSHI'S HONOUR
"ရှင်းယီ?"
သူမ ရှင်းယီကိုကြည့်ပြီး ရေရွတ်လိုက်သည် ရှင်းယီအနည်းငယ်မျက်နှာပျက်သွားသော်လည်း ပြန်ပြုံးလိုက်သည် သူမကိုကမ်းပေးသောလက်ကို သူမဆွဲပြီး ထလိုက်သည်
"မိန်းကလေးယန်က ကျွန်တော့်ကိုသိပါသလား?"
သိတာပေါ့ ငါ့သားချစ်ဆုံးလေးရယ် မားသာမေ့လို့ကတော့ အသေသာသတ်သွားလိုက်...
"ရှင့်နာမည်က ရှင်းယီမလား?"
"ဟုတ်ပါတယ်"
"အခုဘယ်သွားမလို့လဲ?"
"ကျွန်တော်က ဈေးမှာလှည့်ပတ်နေတာပါ မိန်းကလေးယန်လည်း တူတူပဲမလား?"
"အင်း ဒါနဲ့ ကျွန်မကိုကောသိတယ်ပေါ့"
"ကိုယ့်မရီးတော်ကို မသိစရာအကြောင်းရှိပါ့မလား"
ဘာ?What? မရီးတော်?ဘာလို့မရီးတော်လည်း? ဘယ်လိုတော်စပ်တာလဲ? စဉ်းစားစမ်း? ငါကမရီးတော်ဆို သူကဘာလဲ?
"ဟီးဟီး ဒါဆိုလည်း ကျွန်မသွားတော့မယ်နော်"
"ဟုတ်ပါပြီ မိန်းကလေးယန် နောက်မှတွေ့ကြရအောင်"
"အင်း"
သူမပြုံးပြုံးလေးနှင့် ခေါင်းငုံ့ကာ လှည့်ထွက်လာလိုက်သည် ရှင်းယီနှင့်ဝေးဝေးရောက်သွားတော့မှ ယိဖန်နားကပ်ကာ မေးရတော့သည် သူမယိဖန်ကိုကြည့်နေမိတာကြာပြီ
ယိဖန်လေးက တည်ငြိမ်တယ် ရိုးသားတယ် စိတ်ရှည်တယ် သဘောကောင်းတယ် ငါစကားပြောနေတဲ့ချိန်ဆို သူဝင်မပြောဘူး ယိဖန်ကတည်ငြိမ်သူလေးပဲ
Perfect Uke လေးလေ HaHaHa ရှင်းယီက ဘယ်ကလဲမေးအုန်းမှ....
"ယိဖန် အဲ့တစ်ယောက်က ဘယ်သူလဲ?"
"သူက မင်းသား ၁၄ ရှင်းယီပါ"
"ဟမ်?၁၄!!!ဒါဆိုဒီတိုင်းပြည်မှာ မင်းသား မင်းသမီး ဘယ်နှစ်ယောက်ရှိလဲ?"
"၁၈ယောက် မင်းသားက ၁၅ပါး မင်းသမီးက၃ပါး မိဖုရားက ၆ပါးပါ"
သူမမျက်လုံးပြူးပြီး ပါးစပ်ဟသွားသည်
OMG! ဒီအဖိုးကြီးတော်တော်စွံတာပဲ အသက်တော့တော်တော်ကြီးပြီထင်တယ် ရှေးခေတ်က ဧကရာဇ်ပုံစံတ်ေကို မြင်ဖူးချင်လိုက်တာအေ.....
ВЫ ЧИТАЕТЕ
Fujoshi's Honour✔
Любовные романыZawgyi+Unicode ၂၁ရာစုတွင် ယန်မင်ရွယ်သည် သူမသေဆုံးပြီးသောအခါမှာတော့ ဟန်မင်းဆက်ခေတ်ကို ရောက်ရှိသွားခဲ့တယ် သူမဟာပထမအဆင့်အမတ်ကြီး၏သမီးတော်ဖြစ်နေသည့်အပြင် မကြာခင်သူမနှင့်ဖူးစာဆုံသွားသောသူမှာလည်း.......ဧကရာဇ်ဖြစ်နေသောအခါ ယန်မင်ရွယ် "ငါဟာဘယ်လောက်ပဲ ကြီးကျယ...
