God Level Fujoshi

3.2K 301 18
                                        

Part 25

FUJOSHI'S HONOUR

နှစ်နိုင်ငံငြိမ်းချမ်းချစ်ကြည်ရေးစာချုပ်ချုပ်ဆိုပြီးရာမှာတော့ အထိမ်းအမှတ်အနေဖြင့် ဟွေ့တိုင်းပြည်၏အပြင်ဖက်မှာ ဆင်းရဲသားများကို စုစည်းကာ "အန်း"ရွာအဖြစ် တည်ထောင်နိုင်ရန် သဘောတူခဲ့ကြသည် ယွီဖုန်းသည် ဟွေ့ဘုရင်၏အနားတွင်နေခဲ့သည် သူမသည်လည်း စိတ်ချပါသည်

မနက်အာရုံတက်ချိန်တွင် ဟွေ့တိုင်းပြည်ကနေစတင်ထွက်ခွာလာသည် သူမသည် ယောကျာ်းလေးလိုပင်ဝတ်စားထားသည် မျက်နှာကသာ မိန်းမချောရုပ်ပေါက်နေပါသော်လည်း ခန္ဓာကိုယ်သေးသွယ်သည်ကို အဖြူရောင်ဝတ်ရုံလေးဖြင့်ဖုံးကွယ်ထားသည် အဝေးကကြည့်ပါက သူမကို ယောကျာ်းလေးဟု ပြောလျှင် အားလုံးက မိန်းမချော ချောသည့်ယောကျာ်းလေးလို့ သတ်မှတ်ကြမည်ဖြစ်သည် တစ်ခုရှိပါသေးသည် သူမသည်သေးသေးလေးဖြစ်သောကြောင့်ဖြစ်သည်

တိုင်းပြည်သို့ပြန်ရာတွင် သူမနှင့်ယိဖန် ကျွမ်းကျင်ဓားသမား ၅ယောက် အစေခံမိန်းမ ၂ယောက်ဖြင့်သာ မြင်းများဖြင့် ခရီးဆက်ကြသည်

ပြန်လမ်းတွင် မည့်သည့်အန္တရာယ်မှ ကြုံတွေ့မည်မထင်ခဲ့သောကြောင့်သာ...

"ငါနန်းတော်ပြန်ရောက်ရင် ချစ်ယောကျာ်းအနား တနေ့လုံးကပ်နေတော့မယ်"

သူမစိတ်ထဲတွင်တွေးရင်း စိတ်လှုပ်ရှားကာပျော်ရွင်နေမိသည် သို့သော် အရှေ့သို့ အာရုံစိုက်နေမိသည် သူမတို့ရောက်နေသည်မှာ လမ်းကျဉ်းလေးဖြစ်သည် ဘေးနားတွင် တောအုပ်များသာရှိသည် မြင်းကိုလည်းဖြေးဖြေးလေးမောင်းနေမိသည် သို့သော် လှုပ်ယမ်းနေသောသစ်ရွက်များကြောင့် အခြေအနေကမဟန်တော့ပါ သူမ၏နားထဲတွင်လည်း ခြေသံများ ကြားနေရသည်

"အားလုံး သတိနဲ့နေကြ"

သူမအသိပေးလိုက်သည် ခြေသံများသည် အဆက်မပြတ်ကြားနေရသည် သူမမြင်းကိုအရှိန်တင်လိုက်သည်နှင့်အမျှ အနောက်မှ ဓားပြအုပ်လိုက်ကြီးသည် ဓားလှံများဖြင့် ရောက်လာကြသည်

WTF!!!အဲ့လောက်တောင်များရလား??

ဓားပြများသည် အယောက်နှစ်ဆယ်ကျော်လောက်ဖြစ်သည် သူမတို့ဖက်တွင်ရှိသည်မှာ ၉ယောက်ဖြစ်သည် ၉ယောက်ထဲမှ ၂ယောက်ကဓားရေးမတက်သောအစေခံမိန်းကလေးဆိုတာကို တွေးရင် သူမခေါင်းပင်မူးသွားသည်

Fujoshi's Honour✔Where stories live. Discover now