ပြန်ပေးဆွဲခံရခြင်း. ပြန်ပေးဆွဲခံရခြင်း

3.8K 383 15
                                        

Part 14

FUJOSHI'S HONOUR

"မယ့်မယ့် သမီးတော်မလုပ်ချင်ဘူး!"

"မိန်းကလေးဆိုတာ ဘယ်အလုပ်ကိုလုပ်လုပ်မပျင်းရိရဘူး ကဲ သမီးတော် အမေစောင့်နေမယ် အဝတ်လဲပြီးလာခဲ့ပါ"

ပြုံးပြုံးလေးနဲ့အစေခံများနဲ့အတူ ထွက်သွားခဲ့တဲ့သူမအမေကိုကြည့်ကာ သက်ပြင်းချလိုက်သည်

ဟူး နတ်သမီးကနေ နတ်ဆိုးအဖြစ်ပြောင်းသွားပါလား မယ့်မယ့်ရယ် အားယို့ မုန်းလိုက်တာ ဘာတွေလုပ်ခိုင်းမလဲမသိဘူး မိဖုရားဖြစ်ဖို့ လေ့လာသင်ကြားစရာ ဘာလိုလို့လဲ? အဲ့လိုကောရှိရဲ့လား...

သူမအဝတ်အစားကိုဖြစ်သလိုလဲကာ ဆံပင်ကိုမြင့်မြင့်လေးထုံးလိုက်ပြီး အနီရောင်ဆံထိုးလေးကို ပန်ဆင်ကာ အကြောတွေဆန့်ကာ ဧည့်ခန်းထဲကို ဝင်သွားလိုက်သည် ဧည့်ခန်းတွင်ရှိသောစားပွဲပေါ်တွင် စီစီရီရီပြင်ဆင်ထားသော ပန်းကန်များ ခွက်များ ထို့ဘေးတွင် စာအုပ်အထူကြီးများ

သူမလည်း ထိုင်ခုံတွင် ဝင်ထိုင်ကာ ထိုစာအုပ်များကိုလှန်ကြည့်နေလိုက်သည် ပျင်းစရာကောင်းလှသော သမိုင်းကြောင်းစာအုပ်များကြောင့် သူမမေးထောက်ကာ ငိုက်သွားသည်

သူမအိပ်ပျော်လုနီးပါးမှာပဲ ပစ္စည်းတစ်ခုခုက စားပွဲပေါ်သို့ ပြင်းပြင်းကျလာသည်

ဒုန်း....

သူမသည် ထိုအသံကြောင့် လန့်နိုးပြီး ပြန်လည်တက်ကြွသွားသည် သူမရဲ့လှပတဲ့အိပ်မက်လေးပျက်သွားကြောင့် ဒေါသကထွက်လာသည် စိတ်တိုတိုနှင့် မော့ကြည့်လိုက်တော့ မိန်းမကြီးတစ်ယောက်ဖြစ်နေသည် ထိုမိန်းမ၏ ခက်ထန်သောမျက်နှာအမူအရာနှင့် သူမကိုကြည့်နေသည် သူမဘေးတွင်ရှိသော အစေခံများ၏မျက်နှာမှာလည်း ခက်ထန်စွာပင် သူမသည် ထိုမိန်းမကိုပြန်စိုက်ကြည့်ကာ မတ်တပ်ရပ်လိုက်သည်

"ဘယ်သူလဲ?"

"မိန်းကလေးယန်ကို အရှင်မင်းကြီးက အခေါ်တော်လွှတ်လိုက်ကြောင်းပါ ဒါကြောင့် ကျွန်တော်မျိုးမကိုယ်တိုင်ရောက်ရှိလာခြင်းပါ"

"ဘယ်လို နန်းတွင်းထဲဝင်ဖို့ လိုသေးတယ်မဟုတ်ဘူးလား"

"ဟုတ်ပါတယ် အရှင်မင်းကြီးက မိန်းကလေးယန်နဲ့ တွေ့ချင်လို့ပါ အရှင့်ရဲ့အမိန့်ကိုငြင်းဆန်လို့မရပါဘူး အခုပဲလိုက်ခဲ့ပါ"

Fujoshi's Honour✔Where stories live. Discover now