Part 36
Fujoshi's Honour
သူမ နှိုးထလာတော့ အမှောင်ထုကိုသာမြင်နေရသည် သူမနှလုံးဆောင့်ခုန်တက်သွားသည်
"ငါမျက်စိကန်းသွားတာလား? What!!! မဖြစ်ဘူးနော် မဖြစ်ဘူး"
သူမတုန်လှုပ်ချောက်ချားနေခိုက် ဘယ်ကလာမှန်းမသိသော အလင်းတန်းများသည် သူမပေါ်သို့ဖြာကျလာသည်
"ငါဘယ်ရောက်နေပြီလဲ? ငါသေသွားတာများလား? ခေါင်းလေးအရိုက်ခံရတာနဲ့ သေသွားတာကတော့ ငါတော်တော်ရာဇဝင်တော်တော်ရိုင်းတာပဲ အဟင့်"
မကြာခင်မှာပဲ သူမမြင်ကွင်းဟာ ရောင်စုံဖြစ်လာသည် တဖြည်းဖြည်းပြောင်းလဲလာသည့်နောက်တွင် အလုပ်ရှုပ်နေသော စက်ရုပ်လေးတွေကို မြင်လာရသည် ထိုစက်ရုပ်များသည် စာရွက်စာတန်းတွေ ကွန်ပျူတာတွေနှင့်အလုပ်ရှုပ်နေသည် သူမကွန်ပျူတာနားသွားလိုက်သည် စက်ရုပ်လေးသည် ကွန်ပျူတာဖြင့် Manga ဆွဲနေသည် သူမလုံးဝအံ့ဩသွားသည်
အိမ့်မက်ကမ္ဘာရောက်နေတာများလား?
"ဟေ့"
သူမပခုံးပေါ်သို့ ရောက်လာသောအေးစက်စက်အထိအတွေ့ကြောင့် သူမလန့်သွားကာ လှည့်ကြည့်လိုက်သည်
"အား...."
"ရှုး...."
စက်ရုပ်လေးမှာ သူမအား လက်ညိုးဖြင့် ပါးစပ်ကိုပိတ်လိုက်သည် သူမပါးစပ်ပိတ်လိုက်ရသည်
"Great Fujoshi Centreမှ ပြန်လည်ကြိုဆိုပါတယ် ယန်မင်ရွယ် ကျွန်တော်ကတော့ Centreရဲ့ဥက္ကဌပါ"
"အာ ငါနင့်ကိုရင်းနှီးနေသလိုပဲနော်"
"ရင်းနှီးရမှာပေါ့ ကျွန်တော်နဲ့ယန်မင်ရွယ်က Novelတစ်ခုကိုတောင် အတူရေးခဲ့တာ နောက်Fictionတစ်ခုကိုဆက်ရေးနေတော့ ဘယ်မှတ်မိတော့မလဲ ပြီးတော့case တစ်ခုလည်းဖြစ်သွားတယ်လေ"
"ဘာတွေပြောနေတာလဲ? ငါမသိဘူး"
"ယန်မင်ရွယ်က Great Fujoshi Centreရဲ့ ထောင်ပေါင်းများစွာသော Authorတွေထဲကမှတစ်ယောက်ပါ စက်ချို့ယွင်းမှုဖြစ်ပြီး ဖြစ်စဉ်တွေကိုမေ့ပြီးတော့ ကိုယ်ရေးပြီးသားFictionမှာ ပိတ်မိနေတာဖြစ်ပါတယ်"
YOU ARE READING
Fujoshi's Honour✔
RomanceZawgyi+Unicode ၂၁ရာစုတွင် ယန်မင်ရွယ်သည် သူမသေဆုံးပြီးသောအခါမှာတော့ ဟန်မင်းဆက်ခေတ်ကို ရောက်ရှိသွားခဲ့တယ် သူမဟာပထမအဆင့်အမတ်ကြီး၏သမီးတော်ဖြစ်နေသည့်အပြင် မကြာခင်သူမနှင့်ဖူးစာဆုံသွားသောသူမှာလည်း.......ဧကရာဇ်ဖြစ်နေသောအခါ ယန်မင်ရွယ် "ငါဟာဘယ်လောက်ပဲ ကြီးကျယ...
