Part 31
FUJOSHI'S HONOUR
ယဲ့ရှင်းသည် ရှင်းယီကို ပလာစတာကပ်ပေးပြီးနောက် ပြုံးကာကြည့်လိုက်သည်
ဒီကလေး တော်တော်ချစ်ဖို့ကောင်းတာပဲ.....
မကြာခင်မှာပဲ မင်ရွယ်ရဲ့သား ဆိုတဲ့စကားကိုနားမလည်သောကြောင့် သူမေးကြည့်ချင်သည်
မင်ရွယ်ကယောကျာ်းရပြီးကလေးတောင်ရနေတာ? ဟမ် အဲ့လိုဖြစ်ဖို့ ရှင်းယီနဲ့အသက်တူတူပဲကို....
"ဟို ဟိုလေ"
"အင်း"
"မင်ရွယ်ရဲ့သားဆိုတာ ဘာကိုဆိုလိုတာလဲဟင်?"
"အာ အစ်ကို ဒီကျောင်းမှာနေပြီးတော့ မင်ရွယ်အကြောင်းတွေမကြားရဘူးလား?"
"အစ်ကိုကကျောင်းပျက်ရက်များတော့ ဟီး အချိန်ရှိရင် သူ့အကြောင်းပြောပြပါလား?"
"ဟုတ် အခုတော့ ကျွန်တော်အတန်းသွားတက်တော့မယ်"
"အင်း Bye bye see you....."
ရှင်းယီသည် ထိုနေရာမှအမြန်ထွက်လာခဲ့သည်
အခုန်မြန်နေသော သူ့ရဲ့နှလုံးသားကိုလက်ဖြင့်ကိုင်ကာ သက်ပြင်းချလိုက်သည်
သူမကြားသွားလောက်ပါဘူးနော် ကျွန်တော့်ရဲ့ရင်ခုန်သံတွေကို မား ကျွန်တော် ဘယ်လိုလုပ်ရမလဲ ကျွန်တော်သူ့ကိုမြင်မြင်ချင်းချစ်မိသွားပြီထင်တယ် ဒါပေမယ့် သူကတော့ မားကိုပိုစိတ်ဝင်စားပုံရတယ်...
ရှင်းယီ ရင်ထဲအမျိုးအမည်မသိ ခံစားချက်ကြီးဝင်လာခဲ့သည် ကျွန်တော်တော့
တစ်ဖက်သတ်အချစ်ကိုခံစားနေရပြီထင်တယ်
"ဟေ့!"
ရုတ်တရပ်ကြားလိုက်ရတဲ့အသံကြောင့် ရှင်းယီတုန်တက်သွားခဲ့သည် မင်ရွယ်သည် အမောတကောနှင့် ရှင်းယီအိတ်ထဲမှရေဘူးထုတ်ကာ အားရပါးရသောက်နေသည်
"မား ဘာဖြစ်ခဲ့တာလဲ?"
"မာရသွန်အတွက်လေ့ကျင့်လာခဲ့တာ ဟူး ဒီနေရာမှာ ဘာလုပ်နေတာလဲ အတန်းသွားတက်ဖို့လာခေါ်တာ"
"ဘာမှမလုပ်ပါဘူး အတန်းထဲသွားကြရအောင်"
"Ok Ok အဟွတ် အဟွတ်"
ВЫ ЧИТАЕТЕ
Fujoshi's Honour✔
Любовные романыZawgyi+Unicode ၂၁ရာစုတွင် ယန်မင်ရွယ်သည် သူမသေဆုံးပြီးသောအခါမှာတော့ ဟန်မင်းဆက်ခေတ်ကို ရောက်ရှိသွားခဲ့တယ် သူမဟာပထမအဆင့်အမတ်ကြီး၏သမီးတော်ဖြစ်နေသည့်အပြင် မကြာခင်သူမနှင့်ဖူးစာဆုံသွားသောသူမှာလည်း.......ဧကရာဇ်ဖြစ်နေသောအခါ ယန်မင်ရွယ် "ငါဟာဘယ်လောက်ပဲ ကြီးကျယ...
