My Father?

2.8K 265 6
                                    

Part 26

FUJOSHI'S HONOUR

မင်ရွယ်အသံတွေကိုကြားနေရတယ်

သူမအမေရဲ့အသံ ဆရာဝန်တွေ သူနာပြုတွေရဲ့အသံတွေ

သူမမျက်လုံးကိုအားယူပြီး ဖွင့်လိုက်တော့ ဆူးခနဲဝင်လာတဲ့အလင်းရောင်တန်းတွေ

သူမတကယ်ပဲ အသက်ရှင်သေးတာလား?

သူမကိုစိုးရိမ်ကြည့် ပျော်ရွင်သောအကြည့်များဖြင့်ကြည့်နေသောအမေကို စကားပြောချင်သော်လည်း အာခေါင်သည် ခြောက်ကပ်လွန်းနေသည်

"လူနာ ယန်မင်ရွယ် အဆင်ပြေပါတယ် ဂုဏ်ယူပါတယ် ကိုမာ ၂လကျော်ဝင်သွားပေမယ့်လည်း ပြန်ကောင်းလာပါတယ် အခုချိန်တော့ လှုပ်ရှားဖို့သိပ်အဆင်ပြေအုန်းမှာမဟုတ်ဘူး အချိန်ယူရပါမယ် ကျွန်တော်တို့ ပြန်လာခဲ့ပါမယ်"

ဆရာဝန်တို့သည် ထွက်သွားခဲ့ကြသည် အခန်းထဲတွင် သူမနဲ့ သူမအမေသာ ကျန်ခဲ့တော့သည်

"'သမီးရယ် အမေဝမ်းသာလိုက်တာ သမီးမနိုးလာတော့မှာကို အမေကြောက်နေခဲ့တာ သမီးသူငယ်ချင်းတွေ ခဏနေကျရင် ရောက်လာလိမ့်မယ်"

သူမခေါင်းငြိမ့်လိုက်သည်

ပြန်တွေ့ရတော့မှာပါလား ရှင်းယီ ရှောင်ကျင်း...

သူမခေါင်းတွေသည်တဆစ်ဆစ်ကိုက်ခဲကာ လေးလံနေသည် စိတ်တွေသည်လည်းပျံ့လွင့်နေသည် သူမရဲ့သားလေးတွေမရောက်လာခင်အထိပေါ့

သူမရှိရာအခန်းထဲသို့ တံခါးကို ဒုန်းစိုင်းဖွင့်ကာ ဝင်လာသော ဝင်လာသော ရှင်းယီနှင့်ရှောင်ကျင်းတို့နှစ်ယောက်

"မား နိုးလာပြီလား!!"

"မား သက်သာရဲ့လား"

"အာ အန်တီလည်းရှိနေတာလား ဟီးဟီး အန်တီ နေကောင်းလား"

"ကောင်းပါတယ် ရှောင်ကျင်းလေးရေ မင်ရွယ်က စကားပြောနိုင်မှာမဟုတ်သေးဘူး သားတို့ကြည့်ထားပေးအုန်းနော် အန်တီ ဆေးစစ်ချက်သွားယူလိုက်အုန်းမယ်"

"ဟုတ်ကဲ့ပါ အန်တီ"

"စိတ်ချပါအန်တီ"

သူမအမေထွက်သွားတော့ ရှောင်ကျင်းနှင့်ရှင်းယီတို့သည် ပတ်ဝန်းကျင်တွင်ဘာတွေဖြစ်ခဲ့ကြောင်းပြောပြသည် သူမကတော့ပြုံးသာပြုံးနိုင်သည်

Fujoshi's Honour✔Donde viven las historias. Descúbrelo ahora