Part 17
FUJOSHI'S HONOUR
ယဲ့ရှင်းသည် ပြောလို့မရတဲ့အဆုံး မင်ရွယ်နဲ့လက်တွဲကာ ချွမ်လိပြေးသွားခဲ့သောဖက်ကို အတူတူလိုက်သွားကြသည်
သူတို့နှစ်ယောက်သည် ပြေးရင်း ချောက်နက်ရှိရာသို့ ရောက်လာခဲ့သည်
"မတွေ့တော့ဘူး ဘယ်ရောက်သွားတာလဲ?"
"ဒီအနီးအနားမှာပဲ ရှိလောက်မှာပါ"
သူတို့နှစ်ယောက်သည် တစ်ယောက်နောက်ကျောတစ်ယောက်ကပ်ကာ ပတ်ဝန်းကျင်ကို လှည့်ကြည့်နေသည် အနီးအနားတွင် သစ်ပင်ကြီးသည် လှုပ်နေသောကြောင့် ယဲ့ရှင်းသည် သူမဓားကို ယူကာ သစ်ပင်ကိုဦးတည်ပြီး ပစ်လိုက်သည် ဓားသည်သစ်ပင်ထဲဝင်သွားသည်နှင့် ချွမ်လိသည် ပေါင်တွင် ထိုးစိုက်နေသောဓားကြောင့် သစ်ပင်ပေါ်ကနေ ပြုတ်ကျလာသည်
ယဲ့ရှင်းသည် ချွမ်လိဆီသို့ တစ်လှမ်းချင်းလျှောက်သွားသည် သူမသည် ဘာမှလုပ်စရာမရှိသောကြောင့် ကျောက်တုံးကြီးပေါ်တွင်ထိုင်ကာ ကြည့်နေလိုက်သည်
ယဲ့ရှင်းနှင့် ချွမ်လိတိုက်ခိုက်နေကြသည်ကို သူမသည် ချွေးစောပြန်ကာ ကြည့်နေမိသည်
ဘယ်သူနိုင်မလဲ? ဘယ်သူသေမလဲ?
ငါတော့ ယဲ့ရှင်းဖက်တစ်မဲထည့်တယ်.....
သူမသည် သူတို့နှစ်ယောက်တိုက်ခိုက်တာကို ကြည့်ရင်း သူတို့အနားကို သွားလိုက်သည်
"မင်ရွယ် မလာနဲ့!"
ယဲ့ရှင်းအော်လိုက်တော့ ချွမ်လိက သူမကို ဓားစာခံအဖြစ် လုပ်သွားလေသည်
"မလှုပ်နဲ့ ငါသူ့ကို သတ်ပစ်မှာ"
"ချွမ်လိ ငါ့ကိုတကယ်ကြီးသတ်မှာပေါ့? ငါလှလှလေးပဲ သေချင်တာနော် သွေးမထွက်ချင်ဘူး"
"ပါးစပ်ပိတ်ထား!"
ဖြေးဖြေးအော်ပါဟဲ့ နားကိုအူသွားတာပဲ...
"......"
"မင်ရွယ်ကို လွှတ်လိုက်စမ်း ဝမ်ချွမ်လိ သူမကိုထိခိုက်အောင်လုပ်ရင် ငါမင်းကို အစိတ်စိတ်အမွှာမွှာ ပိုင်းပစ်မယ်"
အမယ်လေး ကြွေလိုက်တာ Yeoboရယ် ဘယ်လိုတောင် ပြောလိုက်တာလဲ.....
BẠN ĐANG ĐỌC
Fujoshi's Honour✔
Lãng mạnZawgyi+Unicode ၂၁ရာစုတွင် ယန်မင်ရွယ်သည် သူမသေဆုံးပြီးသောအခါမှာတော့ ဟန်မင်းဆက်ခေတ်ကို ရောက်ရှိသွားခဲ့တယ် သူမဟာပထမအဆင့်အမတ်ကြီး၏သမီးတော်ဖြစ်နေသည့်အပြင် မကြာခင်သူမနှင့်ဖူးစာဆုံသွားသောသူမှာလည်း.......ဧကရာဇ်ဖြစ်နေသောအခါ ယန်မင်ရွယ် "ငါဟာဘယ်လောက်ပဲ ကြီးကျယ...
