#Unicode
" ဖေဖေ မေမေ သမီးကိုအဲ့လိုအတင်းအကြပ်ကြီးမလုပ်ပါနဲ့ ..... အီးဟီးဟီး ""တိတ်စမ်း ..... Kim Tae Tae မိဘကကောင်းစားစေချင်လို့လုပ်ပေးတဲ့အရာတခုကို ညည်းကဖျက်လို့ဖျက်ဆီးလုပ်ချင်တာလား "
"ဟုတ်တယ်သမီး Jeon Jung Kook ဆိုတာ ဘယ်လိုလူမလို့လဲ ..... အဖေရော အမေရော မရှိတော့ပေမယ့် သူ့အဖိုးလက်အောက်မှာစည်းကမ်းရှိရှိနဲ့ကြီးပြင်းလာတဲ့သူ .... အသက် ၂၈ နှစ်နဲ့ တောင်ကိုရီးယားရဲ့အချမ်းသာဆုံးစာရင်းဝင်တစ်ယောက် .....ထူးချွန်တယ် ပြတ်သားတယ် စည်းကမ်းကြီးတယ်ဆိုပြီးလုပ်ငန်းခွင်မှာလည်းနာမည်ကြီးသူတစ်ယောက်.....အကျင့်စာရိတ္တ ကလည်းပြောစရာမလို.... သူ့အဖိုးဆိုတဲ့သူကလည်း ဘယ်လောက်တောင်မှချမ်းသာလိုက်သလဲ ..... ပြီးတော့ Jeon Jung Kook က Jeon မိသားစုကြီးရဲ့တဦးတည်းသောမျိုးဆက်ဘဲသမီး"
"အဒါတွေသမီးကဘာလုပ်ရမှာလဲလို့ ..... သမီးမှာချစ်သူရှိတယ်လို့ ..... သမီးမချစ်မနှစ်သက်တဲ့သူနဲ့အတူတသက်လုံးမပေါင်းနိုင်ပါ"
"တော်စမ်း ..... အဲ့အကောင်က Jeon Jung Kook ထက်ဘယ်နားများသာမတဲ့လဲ"
Kim Tae Tae တယောက် မျက်ရည်တွေကျရင်းဖြင့်သာ မိဘနှစ်ဦး၏စကားကိုနားထောင်နေခဲ့သည် ။ သူမချစ်ရတဲ့သူနဲ့ဘယ်နည်းနဲ့မှမခွဲနိုင်ပါ ။ ၄ နှစ်တာ ဆိုတဲ့ rs သက်တမ်းကာလတခုမှာ Min Woo ကသူမအပေါ်လိုလေသေးမရှိကောင်းခဲ့သူတဦး ။ ပိုက်ဆံချို့တဲ့ပေမယ့် စာရိတ္တ ကောင်းသူ အရည်ချင်းရှိသူတဦး ။ ဒီအချက်တွေနဲ့ဘဲ သူမ Min Woo ကိုလက်တွဲခဲ့တာ ။ ဒါတွေကိုမိဘတွေမသိ ။ သူတို့သိတာ မျိုးရိုးဂုဏ်မြင့်မားသူနှင့်သာ လက်ဆက်ဖို့ရာ ။
"ပြီးတော့ Jeon Jung Kook ကသူ့အဖိုးစကားတခွန်းဆိုတခွန်းဘဲ အရမ်းလည်း လိမ္မာတာ ..... အခုလက်ထပ်မယ့် ကိစ္စတောင်အဖိုးကဒါဆိုတာနဲ့ဒါမငြင်းဘူး ..... နင်ကဘာဖြစ်နေတာလဲ ..... ငါတို့တွေလည်းမိဘပေးစားလို့ယူရင်းကချစ်ခဲ့ကြတာ "
"အဒါသမီးမဟုတ်ဖူး ဖေဖေ "
"နင် "
Mr Kim မှာဒေါသထွက်လွန်း၍စကားအားဆက်မပြောနိုင် ....
"ဟဲ့သမီး ညည်းအဖေကိုစိတ်ဆင်းရဲအောင်မလုပ်နဲ့ Jeon Jung Kook ကိုသမက်တော်ချင်နေတဲ့သူတွေဝိုင်းဝိုင်းလည်နေတဲ့ကြားက အမေတို့ဒီအခွင့်ထူးကြီးကိုရခဲ့တာ .... ငါ့သမီးရယ်မရူးမိုက်ချင်ပါနဲ့ .....သဘက်ခါသမီး Jeon Jung Kook နဲ့သွားတွေ့ရမယ် လူငယ်ချင်းအရင်တွေ့ကြည့်ပေါ့ သူဘက်ကလည်းလာမယ်ပြောတယ်.... "