ရင်မြို့စား အိမ်တော်
တံခါးစောင့်သည် ရင်ဟွားလိန်ကိုမြင်သောအခါ စကားတောင်မပြောနိုင်တော့ပေ။အင်ပါယာသမီးတော်က သူမအိမ်တော်ကို သူ့သဘောနဲ့သူ ဘယ်တုန်းကတည်းက လာလည်တတ်သွားတာလဲ??
သူ့ခမျာ အရိုအသေပေးဖို့ပင် မေ့လျော့နေတုန်းဖြစ်သည်။ထို့နောက် သူသည် နှုတ်ဆက်ဖို့ရှေ့ကိုသွားလိုက်သည်။ဒီအိမ်ရဲ့ အကြီးဆုံးမိန်းကလေးဖြစ်သည့် ရင်ဟွားလိန်သည် တံခါးစောင့်၏ရှုပ်ထွေးစွာကြည့်နေသည်ကိုမြင်ပြီး သူမရဲ့နှလုံးသားသည် ခါးသက်လာခဲ့သည်။ သို့သော် သူမကိုဆူမည့်သူမရှိပေ။
သူမသည် ဂိတ်စောင့်ကိုကျော်သွားပြီး အရှေ့အိမ်တော်ကို လျှောက်သွားလိုက်သည်။
အစေခံအသစ်များက သူမကိုမြင်သောအခါ ရပ်နေစေချင်ပြီး အနောက်ဘက်အိမ်တော်ဆီသွားသောလမ်းဆီ ခေါ်သွားချင်နေကြသည်။အကြောင်းမှာမူ အရှေ့အိမ်တော်သည် ယောကျ်ားလေးများသာ ဖြတ်သန်းသွားလာနိုင်သောကြောင့်ဖြစ်သည်။
သို့သော် ဂိတ်စောင့်အဟောင်းက ထိုသူတို့ပြောနေသည်များကို ခပ်မြန်မြန်ရပ်တန့်စေနိုင်လိုက်သည်။ သက်တမ်းရင့်အစေခံတွေထဲမှာ သူတို့ရဲ့ကျက်သရေရှိ အကြီးဆုံးမိန်းကလေးရဲ့ စိတ်ထားအစစ်အမှန်ကို မသိသူရှိမလား?
အကယ်၍သူမက အရှေ့အိမ်တော်ဆီ သွားချင်လျှင်ခွင့်ပြုပေးရုံသာဖြစ်သည်။ ဘယ်လိုလူတွေကများ သူမကို ရပ်တန့်စေနိုင်မှာတဲ့လဲ?
ရင်ဟွားလိန်၏အိမ်ဟောင်းလေးက မှတ်မိရုံလေးသာရှိတော့သည်။ ထူးထွေပြီးပြောင်းလဲနေတာမျိုးမရှိခဲ့သော်လည်း သူမရဲ့ရင်ဘတ်ကတော့ ဆို့နင့်နေပေသည်။
သူမက အခုနှစ်တွေမှာ မင်းသားကိုးကို လိုက်ဖမ်းဖို့ပဲ တွေးနေခဲ့တာဖြစ်သည်။အကယ်၍ သူမသာ ဒီအတိုင်းဆက်လုပ်နေလျှင် တုန်လှုပ်စရာအကျိုးဆက်ဖြစ်လာမည်ကို သူမတွေးနေမိသည်။
အဓိကခန်းမဆီရောက်သောအခါ အစေခံများက သူမကိုတန်းစီ၍ အရိုအသေပြုနေကြသည်။
"အကြီးဆုံးမိန်းကလေးကို ဒီအစေခံတွေက နှုတ်ဆက်ပါတယ်"
သူမရဲ့အင်ပါယာသမီးတော်ဘွဲ့က အသုံးမဝင်သည်မှာ ဒီအိမ်တော်သာရှိသည်။ ရိုးရှင်းစွာ သူမက အကြီးဆုံးမိန်းကလေး ဖြစ်နေရုံဖြစ်သည်။
YOU ARE READING
မကောင်းတော့ဘူး!ဗီလိန်ဘုရင်မကရှုပ်ထွေးနေပီ(Myanmar Translation)
Historical Fiction[ NGVM©2019 ] Original Author - @melo_marl မင်းသားကိုး ရှယုဟုန်နဲ့ တတိယအဆင့်အိမ်တော်၏သမီး ဘိုင်ချင်းရုန်တို့ရဲ့ ပြီးပြည့်စုံတဲ့အချစ်ဇာတ်လမ်းလေးဖြစ်လာစေရန် ရင်ဟွားလိန်သည် ဗီလိန်ဖြစ်လာခဲ့သည်။ ရာသီဥတုဆိုးဝါးတဲ့ညမှာ ဧကရာဇ်က လက်ထပ်ပွဲချီးမြှင့်လိုက်သော ထ...