22.တားမရတဲ့သူခိုး(၂)

5.6K 713 8
                                    

အဲဒီဆိုးဝါးလှတဲ့မိန်းမက ...ဘာလုပ်လိုက်တာလဲ?

အဲဒီခဏ...သူ့စိတ်ထဲတွင် ကြီးမားတဲ့ပေါက်ကွဲမှုတစ်ခုက ပေါက်ထွက်သွားတော့သည်။ မေးခွန်းများက တစ်ခုပြီးတစ်ခု ရုတ်တရက်ပေါ်လာခဲ့သည်။

ဒါက သူ့ကြောင့်လား? သူမက ဒီလောက်တောင် ခံစားသွားရတာလား? သူ့ကို ဆန့်ကျင်ပြီးလက်တုံ့မပြန်တော့ဘူးလား? သူ့သမီးကို ပြန်ပေးဆွဲဖို့တောင် မကြံစည်တော့ဘူးလား?
ဘာကြောင့် သူမက ရုတ်တရက်ကြီး.......

......ဒီလို ထွက်သွားရက်တာလဲ?

ပြောဖို့ရာမတတ်နိုင်တဲ့စိတ်ထိခိုက်မှုက ရှလျင်ပိုင်ကို ဆွဲနှစ်နေခဲ့သည်။ ဒါက ရှင်းပြနိုင်သည့်စကားထက်ပင် ကျော်လွန်နေခဲ့ပြီ။ ဒီမတိုင်ခင်တုန်းက သူခံစားနေရတာနဲ့တူပေမဲ့ သူသည် ထိုကဲ့သို့သော ဒီပူဆွေးမှုကိုဖြစ်စေသည့် မည်သည့်အတွေ့အကြုံကိုမှ ပြန်လည်ပြောပြနိုင်ခြင်းမရှိခဲ့ပေ။

သူ့မိဘများ၏သင်္ချိုင်းများသို့ သွားရောက်လည်ပတ်ခြင်းကတောင် သူ့ကို ဤမျှကြီးမားသော ဆင်းရဲဒုက္ခအား မဖြစ်စေခဲ့ပါ။ သူမသိတတ်စဥ်ရွယ်ကတည်းက သူတို့နှစ်ဦးစလုံးသေသွားခဲ့တာကြောင့် သူ့ရဲ့ဦးစားပေးဘယ်တော့မှဖြစ်မှာမဟုတ်တော့။

ထို့နောက် မျက်လုံးသုံးစုံက တျန့်ရှ၏ ဖန်းဝမ်က တစ်စုံတစ်ယောက်ရဲ့ခြေဖဝါးအောက် ဖိခံထားရတဲ့ သစ်ရွက်ခြောက်လေးကဲ့သို့ ကြေမွအလွယ်ဆုံးဖြစ်ကြောင်း မျက်မြင်တွေ့လိုက်ရတော့သည်။

ရှိုင်းက သူ့အမြင်ကိုတောင် မယုံနိုင်တော့ပေ။သခင်က ကောင်းလီမင်းသမီးကို မုန်းနေတာမဟုတ်ဘူးလား?
နောက်ဆုံးတော့ အဲဒီအမုန်းက နက်ရှိုင်းတဲ့အချစ်ရဲ့ တကယ့်အရင်းအမြစ်ကြီးလား?

သူ့သခင်က တစ်ယောက်ယောက်ကို စိတ်အားထက်သန်စွာ ချစ်ခင်တွယ်တာနေသည်ဟု စိတ်ကူးလိုက်တာက ရှိုင်းအတွက် စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုကြီးပဲဟ။

လျို့ဝှက်ကိုယ်ရံတော်က အခြေအနေမမှန်သည်ကို မြင်လိုက်တဲ့အခါ သူ့တာဝန်ဆီ ပြန်ပြေးဖို့ဆန္ဒရှိရှိတိုက်ခိုက်ပြီး ရဲဝံ့စွာ အတည်ပေါက်ပြောလိုက်တော့သည် :"သ_သခင်... မင်းသမီးက
မသေသွားပါဘူး..! ဒါပေမဲ့ သူမက သတိမရသေးပါဘူး"

မကောင်းတော့ဘူး!ဗီလိန်ဘုရင်မကရှုပ်ထွေးနေပီ(Myanmar Translation)Dove le storie prendono vita. Scoprilo ora