4.3 ဦးရီးတော်ကို စိတ်ပျက်စေခဲ့ပြီ

8.3K 979 3
                                    

ရင်ဟွားလိန်က သူမရဲ့ ရှူ တပ်ဖွဲ့၏ ဧကရာဇ်အပေါ် သစ္စာစောင့်သိမှုကို ဘယ်သောအခါမှ သံသယဝင်မည် မဟုတ်ပေ။ သူမက ဦးရီးတော် ဧကရာဇ်၏ ထူးခြားမှုတွေကိုလည်း သိထားပေသည်။

ထိုလူကြီးသည် အလှပဂေးများကို မြတ်နိုးပြီး အုပ်ချုပ်သူအဖြစ် လွယ်လွယ်ရလာသူဟု အတင်းအပြောခံခဲ့ရသည်။ သို့သော် သူနှင့် ရင်းနှီးသူတိုင်းကမူ ထို မျက်နှာစာမျိုးကို မယုံကြပေ။

သူက နန်းတော်ကနေ ထွက်သွားချင်ရင် အချိန်ကြာကြီးထွက်သွားတတ်သည်။ သို့သော်
အစောင့်တွေပါလေ့မရှိပေ။ ဒါက အချိန်ကောင်းပင်။

"ကျောင်း(ဝ်)ကန်း__"
သူမ၏ နှုတ်ခမ်းဖျားမှ နောက်ဆုံးစကားမဆုံးမီပင်  ဘယ်ကနေ ပေါ်လာမှန်းမသိတဲ့ အခြားတစ်ယောက်က ဆင်းလာခဲ့သည်။

"ဟား ဟား ဟား > ကျွန်တော့်ရဲ့ သခင်မက နောက်ဆုံးတော့ ကျောင်း(ဝ်)ကန်း ကို အခြားသောကိစ္စတွေအတွက် သုံးပြီပေါ့...အဲဒီ ဘိုင်မိန်းကလေးကို  နောက်ယောင်ခံဖ်ို့နဲ့ ဒုက္ခပေးတဲ့အပြင်လေ"

အနက်ရောင် အဝတ်အစားနဲ့လူက ခြေတံလက်တံရှည်ပြီး အရပ်မြင့်သော်လည်း ပေါ့ပါး
သည့် သွင်ပြင်ရှိသည်။

ရင်ဟွားလိန်က သူ၏ ပြစ်မှုဆန်တဲ့ မှတ်ချက်ကို လျစ်လျူရှုလိုက်သည်။
သူမလူတွေက သူမရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်မယ်လို့တော့ မထင်ထားခဲ့ပေ။ အခုမဟုတ်ပဲ ပြောလာခဲ့ရင်တော့ သူမ ဒေါသတွေကို မထိန်းနိုင်လောက်ပေ။

"ဒီလူတွေက အသုံးမကျမှတော့ နင်ပဲ ရှာဖွေတာကို ဦးဆောင်သင့်တယ်။ ငါတို့လူတွေအကုန်ကို မြို့တော်ရဲ့ ချောင်ကြိုချောင်ကြားနဲ့ အက်ကွဲကြောင်းတွေလိုနေရာတိုင်းမှာ နေခိုင်းထားတာက သူတို့မျက်လုံးတွေကို ဖွင့်ထားဖို့လေ။ ဒီသခင်မက မင်းကို သတိပေးနေစရာကိုမလိုသင့်ဘူး။ ဒါပေမဲ့ လှုပ်ရှားမှုကြီးကြီးမားမားတွေနဲ့ သိချင်စိတ်ပြင်းပြနေတဲ့ ခွေးတွေကိုတော့ အနည်းဆုံး မဆွဲဆောင်မိစေနဲ့ပေါ့ "
သူမပြောနေတာကို ခဏနားလိုက်သည်။

" အရှင်မင်းကြီးကို တစ်ရှီးချန်( ၂ နာရီနှင့်ညီမျှသည်) အတွင်းမတွေ့ခဲ့ရင် ကိုယ့်ခြေထောက်နဲ့ကိုယ် မြို့တော်က ထွက်သွားလိုက်တော့။ ငါ့ရဲ့ ရှူ ကနင့်ကို မလိုအပ်တော့ဘူး"

မကောင်းတော့ဘူး!ဗီလိန်ဘုရင်မကရှုပ်ထွေးနေပီ(Myanmar Translation)Donde viven las historias. Descúbrelo ahora