ရင်ဟွားလိန်က ဦးရီးတော်ကို မကျေနပ်တဲ့
အကြည့်နဲ့ကြည့်လိုက်သည်။
လူအိုကြီးက သူ့ရဲ့မသိစိတ်ကနေ သိလိုက်သည်။"ဘာလဲ?"
ရှချွမ်က သူမအား ထေ့ငေါ့လိုက်သည်။ သူက မိန်းမငယ်လေးရဲ့ ဖုံးကွယ်ထားတဲ့ အတွေးများအား ဖတ်နိုင်လိုက်သည်။"ကျန်း..တင်ပြလွှာတွေ ဖတ်နေတုန်း အဝတ်လဲထားလိုက်။ပြီးတော့ သရေစာ စားပြီး ခဏလောက်ထိုင်သွားဦး။ကျန်း ရဲ့လူတွေက တွေးနေကြဦးမယ်။ မင်းကို အချိန်ကြာကြီး ဒူးထောက်စေပြီး ပြန်လွှတ်လိုက်ရင် ငါတို့ကို ရက်စက်တဲ့သူတွေလို့ ပြောကြဦးမှာ။"
ဧက္ကရာဇ်က သူ့စာဖတ် စားပွဲရဲ့ မဟော်ဂနီခုံပေါ်ထိုင်နေရင်း အမိန့်ပေးလိုက်သည်။ရင်ဟွားလိန်က သူမရဲ့ အပြုအမူတိုင်းကို လုံးဝမမေ့မလျော့ဘဲ ဒူးညွတ်အရိုအသေပြုလိုက်သည်။
"တူမလေးက တင့်တယ်စေခဲ့လို့ ဦးရီးတော်ကို ကျေးဇူးတင်ပါတယ်။ဒါပေမဲ့ ဦးရီးတော်က နောက်တစ်ကြိမ်ဆို သတိပေးသင့်ပါတယ်။ဒီ လိန်ကို အခုလိုမျိုးအပြစ်မပေးခင် ကြိုတင်ပြီး စကားပါးသင့်ပါတယ်။"
ဧကရာဇ်က သူမကိုခေါ်သွားဖို့ လက်ပြလိုက်ပြီး
မင်ခုန်းဘက်သို့ လှည့်လိုက်သည်။
"ပြောပါဦး...ကျန်းက အဲဒီ တူမလေးကို အရမ်းကြီးအလိုလိုက်ထားခဲ့တာလား??အပြစ်မပေးမီ ငါတို့က စကားပါးဖို့ လိုသေးတယ်ပေါ့လေ??"မိန်းမစိုးအိုကြီးခမျာ တံတွေးတောင်နင်သွားသည်။
"အရှင်မင်းကြီး ..ဒီအစေခံ တွေးမိတာကတော့ အင်ပါယာ သမီးတော်ကောင်းလီက အခြားအရာတွေကို ရည်ညွှန်းပြောတာနေမှာပါ "
"ဟမ့်..ရင်ဖန်းချီရဲ့ တကယ့်သမီးပဲ!"
ဧကရာဇ်တုလျန်က သူ့စားပွဲပေါ်ရှိနေတဲ့ တင်ပြလွှာစာလိပ်တွေဆီ မသွားခင်ဖြေလာခဲ့သည်။ သို့သော် သူ့အကြည့်တွေအောက်မှာ ရယ်မြူးရိပ်တွေကို တွေ့နေရပေသည်။အခြားသူတွေက ရင်မိသားစုရဲ့ အကြီးဆုံးမိန်းကလေးအပေါ် ဧကရာဇ်ရဲ့ ဆက်ဆံပုံကို ရှုပ်ထွေးကောင်းရှုပ်ထွေးနိုင်ပေသည်။ သို့သော်အရှင်ဘုရင်၏ လက်ပါး၌ အနီးကပ် အမှုထမ်းနေသူများသည် ဒီနှစ်တွေအကုန်လုံးမှာ ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ကြသည်။
ŞİMDİ OKUDUĞUN
မကောင်းတော့ဘူး!ဗီလိန်ဘုရင်မကရှုပ်ထွေးနေပီ(Myanmar Translation)
Tarihi Kurgu[ NGVM©2019 ] Original Author - @melo_marl မင်းသားကိုး ရှယုဟုန်နဲ့ တတိယအဆင့်အိမ်တော်၏သမီး ဘိုင်ချင်းရုန်တို့ရဲ့ ပြီးပြည့်စုံတဲ့အချစ်ဇာတ်လမ်းလေးဖြစ်လာစေရန် ရင်ဟွားလိန်သည် ဗီလိန်ဖြစ်လာခဲ့သည်။ ရာသီဥတုဆိုးဝါးတဲ့ညမှာ ဧကရာဇ်က လက်ထပ်ပွဲချီးမြှင့်လိုက်သော ထ...