27.Grateful and Slightly Lethal

5.5K 704 15
                                    


ရက်အနည်းငယ်ကြာသည်အထိ ကောင်းလီမင်းသမီး၏အိမ်တော်သည် ငြိမ်းချမ်းနေလေ၏။ရင်တထိတ်ထိတ်ဖြစ်စေသောအေးချမ်းမှုမျိုးလည်းမဟုတ်သလို စိုးရိမ်ပူပန်မှုကြီးစိုးနေတာမျိုးလည်း မဟုတ်ချေ။

ရင်ဟွားလိန် ငြိမ်နေရခြင်းက တစ်ခုခုကြောင့်ဖြစ်လေရာ ယင်းမှာ သူမ၏ဒဏ်ရာဒဏ်ချက်က သူမ၏လှုပ်ရှားမှုများကို တားမြစ်ထားခဲ့ခြင်း
ကြောင့်ဖြစ်သည်။နောက်တစ်ခုက သူမမှာတွေးစရာများနေသောကြောင့်ဖြစ်သည်။

ရင်ဟွားလိန်သည် သူမမြင်ကွင်းကို နှောင့်ယှက်နေသော မျက်နှာလွှားဇာ မရှိပါဘဲ သူမ၏ကမ္ဘာကြီးကို ပထမဆုံးအကြိမ်တွေ့မြင်ရသည်ဟု ခံစားနေရသည်။ သူမဝန်ခံပါသည်...သူမကိုယ်သူမ ဗီလိန်ဆိုပြီး သဘောပေါက်လိုက်တုန်းက
အရင်ဆုံးမြင်မိသည်မှာ မျက်နှာလွှားဇာကိုပင်ဖြစ်သော်ငြား အခုက...

ဒါက သူမသည် ဝတ္ထုအသွားအလာ၏ ချုပ်ကိုင်မှုကနေ ချိုးဖျက်လွတ်မြောက်လာသည့်အတိုင်းကဲ့သို့ပင်။လွတ်မြောက်မှုက အားကောင်းလာပြီဆိုသည့်သဘောသက်ရောက်နေခဲ့သည်။

ပြီးခဲ့သည့်လပေါင်းများစွာ၏ မိုးသည်းညတွေမှာကျ ဘာကြောင့်များ သူမသည်လိုမျိုး မခံစားမိရပါသနည်း။ ဤသည်ကိုမူ သူမ အံ့သြမိသည်။

ထိုအချိန်က သူမ၏မိသားစုကို ကယ်တင်ရန်သာ အာရုံစိုက်ခဲ့မိသောကြောင့် ဖြစ်တန်ရာ၏။သူမသည် ကြောက်စိတ်ကြောင့် ရှယုဟုန် နှင့် ဘိုင်ချင်းရုန်တို့ကို အနီးကပ်​စောင့်ကြည့်ခဲ့မိသည်။

အကယ်၍ ထိုနှစ်ယောက်သာ သူမကို စိတ်ကုန်သွားပြီး အရေးယူတုံ့ပြန်ဖို့ ဆုံးဖြတ်လိုက်လျှင် သူမမိသားစုကို ကာကွယ်မှုမပေးနိုင်တော့မှာကို စိတ်မအေးနိုင်ဖြစ်ကာ အကြောက်လွန်ရောဂါရလုမတတ်ဖြစ်ခဲ့ရသည်။

အခုတော့ သူမ၏ကမ္ဘာကြီးအပေါ်အမြင်မှာ အမှန်တကယ် အကန့်အသတ်ရှိကြောင်း သူမနားလည်သဘောပေါက်လာသည်။

ဟုတ်ပါသည်...အဓိကဇာတ်ဆောင်ဟုအခေါ်ခံရမည့်သူက ထိုသူနှစ်ယောက်ဖြစ်သော်ငြား ဤကမ္ဘာကြီးက သူတတ်နိုင်သလောက်တော့ ဖြောင့်မတ်ရှာသေးသည်။နောက်ပြီး ကမ္ဘာကြီးက လူနှစ်ယောက်တည်းအတွက်ပဲ သီးခြားကွက်ပြီးလည်ပတ်ပေးနေတာမျိုးလည်း မဟုတ်ပေ။

မကောင်းတော့ဘူး!ဗီလိန်ဘုရင်မကရှုပ်ထွေးနေပီ(Myanmar Translation)Tahanan ng mga kuwento. Tumuklas ngayon