7.3 စကားပြောသော ရာထူးများ

6.8K 905 3
                                    

ရင်ဟွားယင်က သူ့ရဲ့ ဝမ်းကွဲညီမ သေးသေးလေးကိုကြည့်လိုက်သည်။ သူ၏ ပုံမှန်တည်တင်းနေသော မျက်နှာလေးက အပြုံးတစ်ခုဖူးပွင့်လာပြီး ရင်ဟွားလိန်၏ လက်ကလေးကို သူတို့ ညီအစ်ကို နှစ်ယောက်အကြားထိုင်စေရန် ဆွဲယူလိုက်သည်။

အမွှာထဲကအငယ်လေး... ရင်ဟွားကျင်က ရယ်လိုက်သည်။
"မေးမေး...သိပ်ကောင်းတဲ့ ဝတ်စုံပဲ"
သူက ပွင့်ပွင့်လင်းလင်းချီးမွမ်းလိုက်သည်။

ထိုအရာက သူတို့ ၃ယောက်အနီးအနားက သူများအား ရှော့ရသွားစေဖို့ လုံလောက်ပေသည်။

ရင်ဟွားလိန်ကို လူဘုံအလယ်မှာ သူမ၏မိသားစုနဲ့ တွေ့ရခဲသည်ကို မသိသူရှိသလား?
သူမ၏ နတ်သမီးပုံရိပ်ထဲမှာ နက်နဲသော အဓိပ္ပါယ်တွေ ပေါင်းထည့်ပြီး သူမက မမြဲတမ်းခပ်ဝေးဝေးနေခဲ့သည်။

သို့သော် သူမ၏ ပုံစံက သူမ၏ ဝမ်းကွဲအစ်ကိုများနှင့် တကယ် ရင်းနှီးပုံရသည်။နောက်တစ်ချက်က သူမ၏ ရှည်လျားသော အင်္ကျီလက်အောက်နားတွင် သူမဝတ်နေကျ လက်အိတ်တောင် ဝတ်မထားခဲ့ပေ။

အင်ပါယာသမီးတော် ကောင်းလီ၏ လက်များအား ဧကရာဇ်က အဖိုးတန်ရတနာကဲ့သို့မြင်သည်ဟု မြို့တော်တွင် ပြောကြသည်။ သူမ၏ လက်များအား မည်သူ့ကိုမှ ထိတွေ့ခွင့်မပြုခဲ့ပေ။ ဒါပေမဲ့ ခဏတုန်းက ရင်ဟွားယင်က ရင်ဟွားလိန်ရဲ့ လက်တွေကို တိုက်ရိုက်ကိုင်လိုက်တာကို သူတို့မြင်လိုက်တယ်လေ။

ကြည့်ရတာ အင်ပါယာသမီးတော်ကောင်းလီနဲ့ သူမဝမ်းကွဲအစ်ကိုတွေရဲ့ ဆက်ဆံရေးက သူတို့အတွက် သူမရဲ့စည်းမျဥ်းကို ချိုးဖောက်တဲ့အထိ တကယ်ကောင်းကြပုံပဲ။

"ဟမ့်...ဒီအိုကြီးအိုမ ကတော့ အခုထိ မြင့်မြတ်သလို ခွန်အားကြီးသလို ဟန်ဆောင်နေတုန်း"
ရိုင်းစိုင်းပျက်စီးသော မိန်းမငယ် တစ်ယောက်က သူမ သူငယ်ချင်းကြားလောက်အောင် တီးတိုးပြောလိုက်သည်။

သူတို့သည် အင်ပါယာသမီးတော် ကောင်းလီက ချောင်မင်းသားကိုး၏ နှလုံးသားကို အရယူဖို့ ဘယ်လိုဘယ်ပုံကျရှုံးခဲ့တာကို ပြောပြီးကြိတ်ဟားခဲ့ကြသည်။

ရင် သုံးယောက်စလုံးက ငယ်ငယ်လေးကတည်းက ကိုယ်ခံပညာကို ကျယ်ကျယ်ပြန့်ပြန့်လေ့ကျင့်ခဲ့ကြပြီးဖြစ်သည်။ သူတို့၏ ကျွမ်းကျင်မှုများကို တျန့်ရှရှိ မည်သူကမှ မသိကြသော်လည်း သူတို့က စစ်သူကြီးအိမ်များ၏ ငယ်ရွယ်သော မျိုးဆက်များကို လွယ်လွယ်ကူကူပင် ဖြုတ်ချနိုင်သည်။ ပုံမှန်အားဖြင့် သူတို့က ဤလှုပ်လှုပ်ရှားရှားဖြစ်နေသော ဟောခန်းထဲရှိ တီးတိုးပြောသံများကို ကြားနိုင်ဖို့ အာရုံစိုက်ရန်သာလိုအပ်သည်။

မကောင်းတော့ဘူး!ဗီလိန်ဘုရင်မကရှုပ်ထွေးနေပီ(Myanmar Translation)Where stories live. Discover now